ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) သည် နာမည်ကျော်တိုက်စစ်မှူးဟောင်း အွန်နရီကို အမျိုးသမီးလက်ရွေးစင်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

FFF သည် ပြင်သစ်အမျိုးသမီးလက်ရွေးအသင်းနည်းပြ ဒီယာခရီ နှင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း လမ်းခွဲခဲ့ပြီးနောက် အစားထိုးရန် နည်းပြသစ် ရှာဖွေလျက်ရှိသည်။
FFF အနေဖြင့် အသင်းလက်မဲ့ဖြစ်နေသည့် အွန်နရီကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်

သို့သော် FFF ၏ ကမ်းလှမ်းမှုကို အွန် နရီက ငြင်းဆန်ထားသည်ဟုလည်း The Sun က ဖော်ပြခဲ့သည်။






