Wednesday, February 11, 2026
spot_img
spot_img

အဲရစ် တန်ဟတ် လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ဘာကြောင့် တိုးတက်လာတာလဲဆိုတာကို ထုတ်ပြောလိုက်တဲ့ Ice Man

ယူနိုက်တက် ဗဟို နောက်ခံလူ နယ်လ်ဆင် ဗစ်တာ လင်ဒီလော့ဖ် ကတော့ နည်းပြ အဲရစ် တန်ဟတ် ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အရေးပါမှုကို ချီးကျူးခဲ့လိုက်ပြီး အခုတော့ ကစားသမားတွေဟာ သူတို့ရဲ့ အခန်းကဏ္ဍတွေ ကို သိခဲ့ကြပြီဖြစ်ကြောင််း ​ဖွင့်ဟခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာပဲ ချဲလ်ဆီး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲကျန် ကစားခဲ့ရပြီး 4-1 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ကာ အမှတ်ပေး ဇယား အဆင့် 3 နေရာကို တက်လှမ်းနိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်ကိုလည်း ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ကာစီမီရို ၊ မာရှယ် ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ ရပ်ရှ်ဖို့ တို့က သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီး တို့ဟာ ယူနိုက်တက်ထက် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူခဲ့ကြပေမဲ့ ဂိုးသွင်းသေချာမှု အပိုင်းမှာတော့ ညံ့ခဲ့ကြပါတယ် ။

ဒါ့ကြောင့်လည်း နှစ်သင်းအကြား အခွင့်အရေးဖန်တီးမှုတွေ သိပ်မကွာခဲ့ပေမဲ့ သွင်းဂိုးပိုင်းမှာ ကွာဟခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ လင်ဒီလော့ဖ် က နည်းပြ တန်ဟတ်ရဲ့ နည်းစနစ်ပိုင်း နဲ့ အသင်းသားတွေကို တာဝန်ခွဲဝေပေးမှု အကြောင်းတွေကို ထုတ်ပြောလိုက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရတဲ့အပေါ် မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။

” ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးက ဒီရာသီ ကျွန်တော်တို့ရဲ့ ပစ်မှတ် ဖြစ်ခဲ့ရပါတယ် ။ ဒီနေ့မှာ အဲ့တာကို ရခဲ့လို့ ကျွန်တော်် ကျေနပ်မိပါတယ် ။ ကျွန်တော်တို့ ဒီနေရာကို ယူနိုင်တယ် ၊ ပွဲစဥ်တွေကို အနိုင်ကစားနိုင်တယ်ဆိုတာ သိကြပါတယ် ။ ဒီနေ့တော့ အားလုံး ပျော်နေကြပါတယ် ”

” အသင်းရဲ့ စိတ်ဓါတ်ပိုင်းနဲ့ အားစိုက်ထုတ်မှုတွေက ဒီရာသီမှာ ခြားနားခဲ့ရပါတယ် ။ လူတိုင်းက ကွင်းထဲရောက်တာနဲ့ ဘာလုပ်ရမလဲဆိုတာ သိကြတယ်လေ ။ ကျွန်တော်တို့မှာ system တစ်ခုရှိပြီး အသင်းမှာ ရှိတဲ့သူတိုင်းက ကွင််းထဲ ဘာလုပ်ရမလဲဆိုတာ သိနေခဲ့ကြပါတယ် ။ အဲ့တာကပဲ ဒီရာသီ ပွဲကောင်းအချို့ကို ဖြစ်စေခဲ့တယ်လေ ”

” ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ ထိုက်တန်ခဲ့ကြပါတယ် ။ ဒီရာသီ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် ကောင်းခဲ့တယ်လို့ ထင်မိပါတယ် ။ ကျွန်တော် ကွင်းထဲ ရောက်ခဲ့တဲ့ အခါတိုင်းလည်း အသင်းဖော်တွေကို ကူညီပေးဖို့ပဲ တွေးနေခဲ့တယ်လေ ။ ကျွန်တော် အဲ့တာကို လုပ်နိုင်ခဲ့တယ်လို့ ခံစားရတဲ့အတွက် ကျေနပ်မိပါတယ် ” လို့ လင်ဒီလော့ဖ် က ပြောခဲ့လိုက်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments