အီတလီ စီးရီးအေ ကလပ် အင်တာမီလန် ဟာ ဒိန်းမတ် ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင် အတွက် UEFA ထံကနေ ယူရို ၃ သန်း ကို နစ်နာကြေး အဖြစ် ရရှိခဲ့ ပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် မှာ ကစားနေတဲ့ အဲရစ်ဆင် ဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လ တုန်းက ကျင်းပ ခဲ့တဲ့ ယူရို ပြိုင်ပွဲမှာ နှလုံးဖောက်ပြီး ကွင်းအတွင်း လဲကျ ခဲ့သူ ဖြစ်ပါတယ် ။
အဲရစ်ဆင် ဟာ အသက်ဘေး နဲ့ အလွန်နီးစပ် ခဲ့ပြီး ပြုစုကုသပေးမှုတွေကြောင့် ပြန်လည် သက်သာ လာပေမယ့် အချိန်အတန်ကြာ ဘောလုံး မကစားနိုင်ခဲ့ ပါဘူး ။

နောက်ဆုံးမှာတော့ စပါး ကွင်းလယ်လူဟောင်း ဟာ နှလုံးမှာ စက်တပ်ဆင်ပြီး ဘောလုံးကွင်းထဲကို ပြန်လည် ခြေချ ခဲ့ပါတယ် ။
ဒါပေမယ့် အင်တာမီလန် နဲ့ ခရီးမဆက်နိုင်ခဲ့ ပါဘူး ။ အီတလီ ဘောလုံးအဖွဲ့ချုပ်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ အရ အဲရစ်ဆင် ကို ဘောလုံး ကစားခွင့်မပြု နိုင်တာကြောင့် အင်တာ နဲ့ အဲရစ်ဆင်တို့ စာချုပ် ဖျက်သိမ်းခဲ့ရ ပါတယ် ။

အဲရစ်ဆင် ဟာ ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖိုဒ့် ဆီ ပြောင်းရွှေ့ပြီး ရာသီဝက် ကစားခဲ့ကာ အခု ရာသီ အစမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အလွတ်နဲ့ ရောက်ရှိ လာခဲ့ ပါတယ် ။
ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဟာ လက်ရွေးစင် အသင်း ပွဲတွေ ကစားစဉ် အတွင်း ထိခိုက် ဒဏ်ရာ ရရှိမှု အတွက် သက်ဆိုင်ရာ ကလပ်တွေကို နစ်နာကြေး ပေးအပ်လေ့ ရှိပြီး အဲရစ်ဆင် နှလုံးဖောက်ချိန်မှာ ကစားသမား အဖြစ် မှတ်ပုံတင် ထားတဲ့ အင်တာမီလန် ဟာ ယူရို ၃ သန်း နစ်နာကြေးကို လက်ခံ ရရှိ ခဲ့တာ ဖြစ်ပါတယ် ။






