Thursday, January 22, 2026
spot_img
spot_img

အဲဗာတန်အသင်း (၂)မှတ်လျှော့ပြစ်ဒဏ် ထပ်မံချမှတ်ခံရပြီး စုစုပေါင်း (၈) မှတ်လျှော့ပြစ်ဒဏ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ရမည်

အဲဗာတန်အသင်းသည် (၂) မှတ်လျှော့ပြစ်ဒဏ် ထပ်မံချမှတ်ခံရသဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စုစုပေါင်း(၈)မှတ်လျှော့ပြစ်ဒဏ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

အဲဗာတန်အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းအတွင် (၁၀)မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး အယူခံဝင်ရာတွင် အောင်မြင်ခဲ့သောကြောင့် (၆)မှတ်လျှော့ပြစ်ဒဏ်အဖြစ် လျှော့ချပေးခြင်းခံခဲ့ရသည်။

အဆိုပါပြစ်ဒဏ်မှာ ၂၀၂၁-၂၂ ရာသီအထိ ဘဏ္ဍာရေးစာရင်းရှင်းတမ်းအပေါ် မူတည်ကာ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂-၂၃ ရာသီအထိ နောက်ထပ် (၃)ရာသီစာ စာရင်းရှင်းတမ်းတွင်လည်း ပရီးမီးယားလိဂ်မှ ချမှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် (၂)မှတ်လျှော့ပြစ်ဒဏ် ထပ်မံချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ပြိုင်ပွဲဝင်အသင်းများအား (၃)ရာသီအတွင်း ပေါင်(၁၀၅)သန်းသာ အရှုံးပေါ်ခွင့်ရှိသည်ဟု သတ်မှတ်ထားပြီး အဲဗာတန်အသင်းအနေဖြင့် ယင်းစည်းမျဉ်းကို ဆက်တိုက်ချိုးဖောက်နေသည့်အတွက် အမှတ်လျှော့ပြစ်ဒဏ်များနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အဲဗာတန်အသင်းသည် ပုံမှန်အတိုင်းဆိုပါက အမှတ်(၃၅)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၄)နေရာတွင် ရပ်တည်နေမည်ဖြစ်သော်လည်း ယခုအခါ (၈) မှတ်လျှော့ခံရသည့်အတွက် (၂၇)မှတ်ဖြင့် အဆင့်(၁၆)နေရာသို့ ရောက်ရှိခဲ့ပြီး တန်းမဆင်းရရန် ရုန်းကန်ရတော့မည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments