ဝုလ်ဗ်အသင်းနည်းပြ လိုပယ်တယ်ဟီက ယခုတစ်ပတ် ယှဉ်ပြိုင်ရမည့် အဲဗာတန်နှင့်ပွဲတွင် အနိုင်ရရှိရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
ဝုလ်ဗ်အသင်းမှာ လက်ရှိအချိန်၌ အမှတ်မလိုသည့် အခြေအနေသို့ ရောက်ရှိနေပြီး အဲဗာတန်အသင်းမှာမူ တန်းဆင်းအန္တရာယ်မှ လွတ်မြောက်ရန်အတွက် အမှတ်လိုအပ်နေသည်။
သို့သော် လိုပယ်တယ်ဟီက “လာမယ့်ပွဲက ကျွန်တော်တို့အတွက် ပရိသတ်ရှေ့မှာ ကစားရမယ့် နောက်ဆုံးပွဲပါ။ ဒီပွဲကို အနိုင်ကစားဖို့ အကြောင်းပြချက်များစွာ ရှိနေတဲ့အထဲမှာ နောက်ဆုံးအိမ်ကွင်းပွဲဖြစ်နေတာက အရေးအကြီးဆုံးပါ”ဟု ပြောကြားခဲ့သည်။







