လာမည့်စနေနေ့တွင် အဲဗာတန်နှင့်ကစားရမည်ဖြစ်သော မန်စီးတီးအသင်း၏ မန်နေဂျာ ဂွာဒီယိုလာက အဆိုပါ ပရီးမီးယားလိဂ်ပွဲစဉ်ကိုသာ ခေါင်းထဲတွင် အပြည့်ထည့်ထားကြောင်း ရီးရဲမက်ဒရစ်နှင့်ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လတ်တလောတွင်သူ့ခေါင်းထဲ၌ ထည့်ထားခြင်းမရှိသေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်အင်္ဂါနေ့ညက ရီးရဲမက်ဒရစ်အသင်းနှင့် ကစားသည့်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် မန်စီးတီးသည် စပိန်အသင်းကြီးကို အဝေးကွင်းတွင် တစ်ဂိုးစီသရေ ကစားနိုင်ခဲ့သည်။ မနက်ဖြန်ကစားရမည့်ပွဲသည် မန်စီးတီးအတွက် ချန်ပီယံဖြစ်ရေးတွင် အရေးပါသည့်ပွဲစဉ်တစ်ပွဲဖြစ်သလို အဲဗာတန်အတွက်လည်း တန်းမဆင်းရရေးအတွက် အရေးကြီးသည့်ပွဲစဉ်တစ်ခုဖြစ်သည်။

“လတ်တလော အဲဗာတန်နဲ့ ပွဲအကြောင်းပဲ ရေးပါတယ်။ တခြားတော့ ဘာမှ မစဉ်းစားထားပါဘူး။ ပရီးမီးယားလိဂ်မှာချန်ပီယံဖြစ်ဖို့ဆိုတာ တစ်နှစ်မှာ ၁၁ လလောက် ကြိုးစားမှ ရမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ပွဲ မတိုင်မီ ရီးရဲမက်ဒရစ်နဲ့ ကစားမယ့်ပွဲနဲ့ပတ်သက်ပြီး ဘာမှကို မတွေးနိုင်သေးပါဘူး။ ဂွတ်ဒင်ဆင်ပါ့ခ်မှာ ကစားမယ့်ပွဲက နံပါတ်တစ်ဦးစားပေးရမှာ ဖြစ်ပါတယ်”ဟု ဂွာဒီယိုလာက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။ ဂွာဒီယိုလာက အဆိုပါ ပွဲကို တနင်္ဂနွေနေ့အစား စနေနေ့တွင်ကစားချင်သော်လည်း ပွဲစဉ်ဇယား ရေးဆွဲမှုကို မည်သို့မျှ စောဒဂ မတက်လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။






