Tuesday, January 13, 2026
spot_img
spot_img

အဲဗာတန်နဲ့ပွဲစဉ်မှာ သရေတစ်မှတ်ပဲရခဲ့တဲ့အတွက် စိတ်ပျက်နေတဲ့ အာတီတာ

မီကယ်အာတီတာက မနေ့ညက အဲဗာတန်နဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ နိုင်ပွဲရခဲ့သင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၂၃ခုနှစ် ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်နှစ်ပွဲဆက် သရေကျခဲ့ပါတယ်။

ဂန်းနားတွေဟာ အဲဗာတန်နဲ့ပွဲစဉ်အတွင်း အခွင့်အရေးအချို့ကို ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးသမား ပစ်ဖို့ဒ် လက်စွမ်းပြနေမှုကြောင့် ဦးဆောင်ဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။ ပွဲအပြီးမှာ အာတီတာက “ကျွန်တော်တို့ အနိုင်မရခဲ့တာ အရမ်းစိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့ ဒီပွဲကို လုံးဝနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။

ကျွန်တော်တို့ ကန်ချက်တစ်ကြိမ်မှ ခွင့်မပြုရလောက်အောင် ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်း ဖန်တီးနိုင်ချိန်မှာလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
အဲဗာတန်က ၁၀ရက်လောက် ပြင်ဆင်ချိန်ရတာနဲ့ ဘာမှမဆိုင်ပါဘူး။ ဒုတိယပိုင်း ကျွန်တော်တို့ရဲ့ အားထုတ်ကြိုးစားမှုတွေကို ကြည့်လိုက်ပါဗျာ။ ကျွန်တော်တို့ ပွဲကို လုံး၀ စိုးမိုးထားနိုင်ခဲ့တာပါ။”လို့ ပြောခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments