Thursday, January 22, 2026
spot_img
spot_img

အဲဗာတန်ကို အရေးနိမ့်အပြီး အဓိက ချဲလ်ဆီး စတား ၂ဦးရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ အကြောင်း အသိပေးလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ဂွတ်ဒီဆင်ပါ့ခ်မှ ပရီးမီးယားလိဂ်ပွဲမှာ အဲဗာတန် အသင်းကို ဒုတိယပိုင်း အတွင်း ပေးဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြန်ပါတယ် ။ ဒါဟာ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို လက်ထက် ရှေ့ဆင့်နောက်ဆင့် ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်း ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ ရလဒ်ပိုင်း ၊ ခြေစွမ်းပိုင်း အရ ရှုံးခဲ့ရုံမက ၊ အားထားရတဲ့ ကစားသမား ၂ဦး ဖြစ်တဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်နဲ့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်တို့ကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးလိုက်ရပြန်ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက ရိစ်ဂျိမ်းစ် နောက်တကြိမ် ဒဏ်ရာ ရသွားတဲ့ အပေါ် အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

ပိုချက်တီနို က ” ဒါက ကျွန်တော် မပြောချင်တဲ့ နောက်ထပ် အရာ တခုပါပဲ ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့ကို ဆင်ခြေပေးတယ် ဆိုတဲ့ သဘော သက်ရောက်သွားစေလို့ပါ ။ ဒါက အမှန်တရားပါပဲ ။ ခင်ဗျားတို့ မရှင်းပြနိုင်တဲ့ အမှန်တရားပါပဲ ။ ”

” ကျွန်တော်တို့ အတွက်တော့ သူဟာ အရေးပါတဲ့ ကစားသမား တယောက်ပါ ။ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တဦးလည်း ဟုတ်ပါတယ် ။ အဖွင့် ၁၅မိနစ်ကနေ မိနစ် ၂၀ အတွင်း ဒီဒဏ်ရာ ဖြစ်ခဲ့တာကြောင့် အမှန်တကယ် စိတ်ပျက်ခဲ့ရပါတယ် ။ ”

” ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ကစားပုံက ကောင်းနေခဲ့တာပါ ။ ဒီလို အခြေအနေမျိုးမှာ အပြောင်းအလဲ လုပ်မှကို ရပါမယ် ။ ဘာလို့လဲဆိုတော့ မာလို ဂတ်စ်တိုဟာလည်း ခုမှ ဒဏ်ရာက ပြန်ကောင်းခါစ ဖြစ်နေလို့ပါ ။ ဒါပေမယ့် ခင်ဗျားဟာ အသင်းကို အပြောင်းအလဲ တချို့ မဖြစ်မနေ လုပ်ရပြန်ပါတယ် ။ ”

” ဒီနေ့ အသင်း ကစားပုံက ကောင်းခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ရိစ် ထွက်သွားခဲ့တာတောင် ၊ ကျွန်တော်တို့ဟာ တွန်းအားပေး ကစားနိုင်ခဲ့တာမို့ပါ ။ သူ့ဒဏ်ရာ အပေါ်တော့ စိတ်ပျက်မိတာပေါ့ ။ ဘာလို့လဲဆိုတော့ အဆုံးမှာ ခင်ဗျားဟာ သူ့လို ကစားသမားမျိုးနဲ့ အသင်းကို ပြန်လည် တည်ဆောက်နိုင်မယ်လို့ ယုံကြည့်တာကြောင့်ပါ ။ သူ့ဒဏ်ရာကို လာမယ့် ရက်အနည်းငယ် အတွင်း စစ်ဆေးကြည့်ပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က ရောဘတ် ဆန်းချက်ဇ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး ” သူဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲက ပြဿနာမျိုး ထပ်ကြုံခဲ့ပါတယ် ။ ဒူးပြဿနာပါပဲ ။ ဒီနေ့ပွဲရဲ့ ဒုတိယပိုင်းမှာ အဲလိုပဲ သူ ထပ်ခံစားခဲ့ရပါတယ် ။ မာ့ခ်ကူကူရယ်လာလို ခြေကျင်းဝတ် အဆစ်လည်တဲ့ ဒဏ်ရာမျိုး မဟုတ်ဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ”

” ဒီလို ပြဿနာမျိုး ဖြစ်တတ်ပြီး ၊ သူ အမြန်ဆုံး ပြန်ကောင်းနိုင်ဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ဒီရာသီ အစကတည်းက ကျွန်တော်တို့ ဒီအခက်အခဲမျိုးတွေ တောက်လျှောက် ကြုံလာရပြီး ၊ ဒါက အသင်းအတွက် အရမ်း ပြင်းထန်လွန်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments