Monday, February 9, 2026
spot_img
spot_img

အဲဗာတန်ကို နိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲအပြီး မန်ယူနိုက်တက်ကစားသမား တစ်ဦးကို အထူး ချီးကျူးလိုက်တဲ့ အီရန်ရိုက် နဲ့ ကိန်း

အီရန်ရိုက် နဲ့ ရွိုင်ကိန်း တို့ဟာ မနေ့ညက အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ မန်ယူနိုက်တက်အတွက် ထပ်မံ ဂိုးသွင်းခဲ့ပြန်တဲ့ တိုက်စစ်မှုး မားကပ်ရပ်ဖို့ဒ်ကို အထူး ချီးကျူးသွားခဲ့ပါတယ်။ ရပ်ဖို့ဒ်ဟာ အဆိုပါ ပွဲစဉ်မှာ အန်သိုနီရဲ့ ဂိုးအတွက် ဖန်တီးပေးခဲ့သလို ၎င်းကိုယ်တိုင်လည်း ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဝိန်းရွန်းနီ နောက်ပိုင်း ပြိုင်ပွဲစုံ အိမ်ကွင်း ၇ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒီိရာသီမှာ ပုံစံကောင်းကို ပြသနေခဲ့တဲ့ ရပ်ဖို့ဒ်ဟာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ပိုမို ခြေစွမ်းပြကစားလျက် ရှိနေပြီး နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးထားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ရပ်ဖို့ဒ်ဟာ ဒီိရာသီမှာ ယူနိုက်တက်အတွက် စုစုပေါင်း ၂၃ ပွဲမှာ ၁၂ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီးထားခဲ့ပြီး ဖြစ်ပါတယ်။

ရိုက်က “သူဟာ ပြီးခဲ့တဲ့ နှစ်တွေကနဲ့ မတူတဲ့ စိတ်ခံစားမှုကို ရရှိနေပါတယ်။ နွေရာသီမှာ အသင်းကို မန်နေဂျာသစ် ရောက်ရှိလာခဲ့ပြီး အဲရစ်တန်းဟတ်ရဲ့ brand of football ဟာ ရပ်ဖို့ဒ်နဲ့ တကယ့်ကို အံဝင်ခွင်ကျ ဖြစ်နေပါတယ်။ သူဟာ အခု ဆိုရင် ကိုယ်ဘာလုပ်နေသလဲဆိုတာ အတိအကျ သိနေပါတယ်။ ကလပ်ကလည်း အခုချိန်မှာ လမ်းကြောင်းမှန်ပေါ်ကို စတင် ဦးတည်နေပါတယ်။ ရပ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ မန်ယူနိုက်တက်တို့ အကောင်းဆုံး လုပ်ပြနေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဆိုတာ အသေအချာပါပဲ။” လို့ပြောသွားပါတယ်။

မန်ယူနိုက်တက် ဂန္တဝင်ကစားသမား ဖြစ်သူ ကိန်းက “ဒီညရဲ့ အလှတရား ကတော့ ကျနော်တို့ဟာ ရပ်ဖို့ဒ်ဆီက ကိုယ်မျှော်လင့်ထားခဲ့တဲ့ အရာတွေကို မြင်တွေ့ခဲ့ရတာပါပဲ။ ဒီညမှာ သူပြသခဲ့တဲ့ performance အပေါ် ကျနော် အံ့အားသင့်မိခြင်း မရှိခဲ့ပါဘူး။ သူဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။ မန်ယူနိုက်တက်တို့ ဆုဖလားတွေ အတွက် ပြန်လည် တိုက်ပွဲဝင်နိုင်အောင် သူလုပ်ပေးနိုင်မလား?

သူဟာ အခုဆိုရင် တာဝန်ယူမှု အပြည့်နဲ့ ဖြစ်ပါတယ်။ အခုဆိုရင် ကျနော် သူ့ဆီက သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေကို အပတ်တိုင်း မျှော်လင့်ထားပါတယ်။ သူဟာ ယုံကြည်မှု အပြည့်နဲ့ ကစားနေတယ်ဆိုတာ အသိသာကြီးပါ။ သူဟာ ပြိုင်ဘက်ကို one v one အခြေအနေတွေမှာ ကောင်းကောင်း ကျော်ဖြတ်နေနိုင်တဲ့ အပြင် သူ့ရဲ့ စွမ်းဆောင်ရည်က တအား ကောင်းနေတဲ့အတွက်ကြောင့် အဲဗာတန် နောက်ခံလူတွေကို သိပ်ပြီး အပြစ်တင်သွားစရာ မရှိပါဘူး။” လို့ပြောသွားပါတယ်။

မန်ယူနိုက်တက်ဟာ လာမည့် အင်္ဂါနေ့မှာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ချာတန်နဲ့ ကစားသွားရမှာ ဖြး်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးကို ရင်ဆိုင်ကစားသွားရမှာပါ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments