Saturday, February 7, 2026
spot_img
spot_img

အေးဂျင့် ဖြစ်သူကြောင့် ဇာဗီဆိုင်မွန်စ် ကို ခေါ်ယူနိုင်ရေး ပြိုင်ပွဲမှာ အလေးသာ နိုင်တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းမှာ လာမယ့် ရာသီမှာ ဆာကာ နဲ့ ယှဉ်ပြိုင်ဘက် အဖြစ် တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပီအက်စ်ဗွီ အသင်း ရဲ့တောင်ပံ ကစားသမား ဇာဗီဆိုင်မွန်စ် ကို စောင့်ကြည့် လေ့လာမှုတွေ ရှိနေတယ်လို့ မနေ့က ညပိုင်းမှာ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ ဇာဗီဆိုင်မွန်စ် ကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်း အသင်းကြီးတော်တော်များများက စိတ်ဝင်စားနေကြတာပါ ။

လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရဖို့ ရှိနေတဲ့ အာဆင်နယ် အသင်းဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ ရှိပြီး ဆာကာ ရဲ့back-up နေရာအတွက် ကစားသမားသစ် ခေါ်ဖို့ကိုလည်း ပစ်မှတ် ထားနေပါတယ် ။ နယ်သာလန် သတင်းမီဒီယာ တခု ဖြစ်တဲ့ Voetbal International ရဲ့ အဆိုအရ အာဆင်နယ် အသင်းဟာ ပီအက်စ်ဗွီ ကြယ်ပွင့် ဇာဗီဆိုင်မွန်စ် ကို ခေါ်ယူဖို့ လှုပ်ရှားမှု လုပ်နိုင်ချေ အရှိဆုံး အသင်း ဖြစ်တယ်လို့ သိရပါတယ် ။

စိတ်ဝင်စားဖို့ ကောင်းတာ တခုက ဇာဗီဆိုင်မွန်စ် ရဲ့ အေးဂျင့်တွေဟာ စတူးအပ်ပီတာစ် နှင့် ဒါရင်းဒိန်း တို့ ဖြစ်နေတာပါပဲ ၊ ဒါရင်းဒိန်း ဟာ အာဆင်နယ် အသင်းရဲ့ဒုဥက္ကဌဟောင်း ဒေးဗစ်ဒိန်း ရဲ့သားပါ ၊ ဒါကြောင့် အာဆင်နယ် အသင်းသာ ဇာဗီဆိုင်မွန်စ် ကို အမှန်အကန် ချဉ်းကပ် ကမ်းလှမ်းပါက အေးဂျင့် ဒါရင်းဒိန်းကြောင့် တခြားအသင်းတွေထက် ပိုပြီး အလေးသာ နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ် ။

အသက် ၂၀ အရွယ် နယ်သာလန် လက်ရွေးစင် ဟာ ဒီရာသီမှာ ပီအက်စ်ဗွီ အသင်း အတွက် ၃၄ ပွဲ ကစားရာမှာ ၁၉ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၉ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။ ဒါ့အပြင် ဇာဗီဆိုင်မွန်စ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ဖူးသူ ဖြစ်ပီး ဂန်းနား တို့ကို အခက်တွေ့အောင် လုပ်နိုင် ခဲ့သူပါ ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments