Friday, January 16, 2026
spot_img
spot_img

အောက်တိုဘာ (၂၅)ရက်တွင် ကစားမည့် ဘင်ဖီကာနှင့်ပွဲ၌ ပေါ့ဘာ ပါဝင်ဖွယ်ရှိ

ဒူးဒဏ်ရာကြောင့် အနားယူနေရသည့် ဂျူဗင်တပ်စ်အသင်းမှပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် လာမည့် အောက်တိုဘာလ (၂၅)ရက်တွင် ကစားမည့် ဘင်ဖီကာအသင်းနှင့်ချန်ပီယံလိဂ်ပွဲ၌ ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။

ပေါ့ဘာသည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ဒူးဒဏ်ရာခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး မူလက ကာလရှည်အနားယူရဖွယ်ကာ လာမည့်၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ လွဲချော်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် ပေါ့ဘာ၏ ဒဏ်ရာအခြေအနေမှာ မူလမျှော်မှန်းထားသည်ထက် လျင်မြန်စွာသက်သာလာခြင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ်အတွင်း ဂျူဗင်တပ်စ်အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းမည်ဖြစ်ကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။

ပေါ့ဘာအနေဖြင့် အောက်တိုဘာ (၂၁) ရက်တွင်ကစားမည့် အမ်ပိုလီအသင်းနှင့် စီးရီးအေပွဲစဉ်ကိုမူ သေချာပေါက်လွဲချော်မည်ဖြစ်သော်လည်း ဘင်ဖီကာနှင့်ပွဲ၌ ပါဝင်ကစားနိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments