Wednesday, February 11, 2026
spot_img
spot_img

အေစီမီလန်သို့ အီဘရာဟီမိုဗစ် ပြန်လည်ရောက်ရှိရန် နီးစပ်နေ

အေစီမီလန်အသင်း၏ တိုုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်သည် အသင်းဟောင်းထံ ရာထူးတစ်ခုခုဖြင့် ပြန်လည်ရောက်ရှိရန် နီးစပ်နေကြောင်း သိရသည်။ 

အီဘရာဟီမိုဗစ်(၄၂ နှစ်)သည် ပြီးခဲ့သည့်ဇွန်လတွင် ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပြီး အေစီမီလန်အသင်း၌ နှစ်ကြိမ် ကစားခဲ့စဉ်အတွင်း စီးရီးအေချန်ပီယံဆုကို နှစ်ကြိမ်စလုံး ရယူနိုင်ခဲ့သူဖြစ်သည်။ 

La Gazzetta dello Sport ၏ အဆိုအရ အေစီမီလန်အသင်းသည် အီဘရာဟီမိုဗစ်ကို ထိပ်တန်းရာထူးတစ်ခု ပေးအပ်ရန်စီစဉ်နေကြောင်း သိရသည်။ 

အီဘရာဟီမိုဗစ်အနေဖြင့် အေစီမီလန်နည်းပြ ပီအိုလီနှင့် အသင်းတာဝန်ရှိသူများကြား ဆက်သွယ်ပေးမည့်သူအဖြစ် တာဝန်ယူရဖွယ်ရှိနေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments