Tuesday, January 13, 2026
spot_img
spot_img

အေစီမီလန်မှာ ကျောနံပတ် ၃၂ ဝတ်ဆင်ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာတဲ့ ဝေါ်လ်ကာ

အေစီမီလန်နောက်ခံလူသစ် ဝေါ်လ်ကာက အသင်းသစ်မှာ ကျောနံပတ် ၃၂ ဝတ်ဆင်တာဟာ ဘက်ခမ်းကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အီတလီမြေကိုပြောင်းပြီးနောက် ဝေါ်လ်ကာဟာ ကျောနံပတ် ၃၂ ကိုဝတ်ဆင်မှာဖြစ်ပြီး အဆိုပါကျောနံပတ်ဟာ ဘက်ခမ်းတစ်ယောက် ၂၀၀၉ ကနေ ၂၀၁၀ အထိ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အေစီမီလန်ကိုပြောင်းရွှေ့လာခဲ့တာဟာလည်း နိုင်ငံအသင်းဖော် အေဘရာဟမ်က တိုက်တွန်းခဲ့တာကြောင့် ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘက်ခမ်းကြောင့် ကျောနံပတ် ၃၂ ကို ရွေးချယ်ခဲ့တာပါ။ အေဘရာဟမ်ကလည်း ဒီကိုပြောင်းလာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သူက ကျွန်တော်အခုလိုဆုံးဖြတ်ချက်ချရာမှာ ကူညီပေးခဲ့ပါတယ်။ မီလန်ပရိသတ်တွေက တကယ့်အံ့ဖွယ်တွေပါ။ သူတို့ သီချင်းဆိုတာကိုကြားရတာ စိတ်ခံစားချက်ဖြစ်စေပါတယ်”လို့ ဝေါ်လ်ကာက ပြောကြားခဲ့ပါတယ်။

New AC Milan defender Walker has revealed that he wore the number 32 shirt at his new club because of Beckham.

ဝေါ်လ်ကာကတော့ အင်္ဂလန်ပြင်ပမှာ ကစားချင်နေတဲ့သူဆန္ဒကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုအပြောင်းအရွှေ့က သူ့အတွက် အချိန်ကောင်းလို့ ဆိုနိုင်တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီဆိုးဝါးတဲ့စွမ်းဆောင်ရည်တွေကြောင့် ရုန်းကန်နေရပြီး စီးတီးကိုလည်း ပြဿနာဖြစ်စေခဲ့တာဖြစ်ပါတယ်။

ဝေါ်လ်ကာဟာ အခုလက်ရှိအေစီမီလန်မှာ နောက်ကစားခဲ့တဲ့ အင်္ဂလန်ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။ လက်ရှိအသင်းမှာတော့ နိုင်ငံအသင်းဖော်တွေဖြစ်တဲ့ အေဘရာဟမ် ၊ တိုမိုရီ ၊ လိုတပ်ဖ်ချိတို့ရှိနေပါတယ်။ ယခင်တုန်းက အေစီမီလန်မှာ ဘက်ခမ်း ၊ ဂျင်မီဂရေ့ဗ် ၊ ဝီလ်ကင် ၊ မာ့ခ်ဟာတာလေ နဲ့ လူသာတို့ ကစားခဲ့တာဖြစ်ပါတယ်။

Brexit ကြောင့် ဝေါ်လ်ကာအနေနဲ့ လာမယ့်လမတိုင်ခင်အထိ မီလန်အတွက် ပွဲဦးထွက်ပါဝင်ကစားရဖွယ်မရှိသလို အလုပ်ပါမစ်လည်း စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ မီလန်ဟာ လက်ရှိစီးရီးအေအမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး သူ့အတွေ့အကြုံကောင်းတွေက အသင်းကိုကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments