Thursday, January 15, 2026
spot_img
spot_img

အေဂျက်စ်ကစားသမားဟောင်းတွေကို ခေါ်ယူနေခြင်းက ကလပ်ရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ကာကွယ်ပြောဆိုလာတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းရဲ့ကစားသမားသစ် စုဆောင်းရေးမူဝါဒနဲ့ ပတ်သက်ပြီး အေဂျက်စ်ကစားသမားဟောင်းတွေကို ခေါ်ယူနေခြင်းမှာ သူနဲ့မဆိုင်ဘဲ ကလပ်ရဲ့ဆုံးဖြတ်ချက်တွေသာဖြစ်တယ်လို့ ကာကွယ်ပြောဆိုလာခဲ့ပါတယ်။ 

ယခုတစ်ပတ်အတွင်း ဘိုင်ယန်မြူးနစ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီလစ်နဲ့ မာဇရာဝီတို့ဟာ ယခင်က အေဂျက်စ်မှာကစားခဲ့ဖူးတာကြောင့် ပရိသတ်တွေက တန်ဟက်ကို အေဂျက်စ်ကစားသမားတွေပဲခေါ်ယူနေတယ်လို့ ဝေဖန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြစဖြစ်လာကတည်းက တန်ဟက်ဟာ  အေဂျက်စ်ကစားသမားတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်၊ အန်တိုနီနဲ့ အန်ဒရေအိုနာနာတို့ကို ခေါ်ယူခဲ့ပေမယ့် ယခုအခါမှာတော့ ကစားသမားတစ်ယောက်ချင်းစီတိုင်းကို ကလပ်ရဲ့ဆုံးဖြတ်ချက်နဲ့သာ ခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်က “ဒါတွေက ကလပ်ရဲ့ဆုံးဖြတ်ချက်တွေပါ။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တစ်ခုမှမပါပါဘူး။ အပြောင်းအရွှေ့တစ်ခုစီတိုင်းက အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ၊ အားကစားဒါရိုက်တာနဲ့ ကင်းထောက်တွေအပေါ်မှာလည်း မူတည်နေပါတယ်။ တစ်ယောက်တည်းနဲ့ ဆုံးဖြတ်ချက်ချလို့မရပါဘူး။ ကစားသမားတွေက ကလပ်ရဲ့ဘဏ္ဍာရေး အခြေအနေနဲ့လည်း ကိုက်ညီမှုရှိရပါဦးမယ်”လို့ ပြောကြားခဲ့ပါတယ်။ 

ten hag and De Ligt

ဘိုင်ယန်မြူးနစ်မှ ပေါင် ၃၈.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီလစ်ဟာ ပြီးခဲ့တဲ့ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နေရာရဖို့ရုန်းကန်ခဲ့ရပေမယ့် တန်ဟက်ကတော့ ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲမှ တစ်ဦးအပါအဝင်ဖြစ်ကြောင်းကို “သူ့မှာ အံ့ဩလောက်စရာ အလားအလာရှိပါတယ်။ သူ့အသက်က ၂၅ နှစ်တောင်မပြည့်သေးပေမယ့် အေဂျက်စ်၊ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်တို့မှာ ၃၇၅ ပွဲအထိကစားနိုင်ခဲ့တာပါ။ ဒါက မယုံနိုင်စရာအချက်အလက်ပါပဲ။ အခုချိန်က သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးအခိုက်အတန့်ပါ။ သူ့ရဲ့ဘောလုံးစွမ်းရည်သာမက ပင်ကိုယ်စရိုက်ကလည်း အရမ်းကောင်းမွန်တာကြောင့် အခုလိုခေါ်ယူနိုင်ခဲ့လို့ အရမ်းဝမ်းသာမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ 

ဒီလစ်ဟာ ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာပဲ ပါဝင်ကစားသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ တန်ဟက်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ပထမဆုံး ၆ ပွဲအတွင်း ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး တာထွက်မလှခဲ့တာကြောင့် ဒီရာသီမှာတော့ ကွဲပြားခြားနားတဲ့စတင်မှုမျိုးကို မျှော်လင့်နေမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments