Wednesday, February 11, 2026
spot_img
spot_img

အီဘရာဟီမိုဗစ်အား ၁၈ လစာချုပ်ဖြင့် ခေါ်ယူရန် အေစီမီလန် နီးစပ်နေ

အေစီမီလန်အသင်းသည် မေဂျာလိဂ်ကလပ် LAဂလက်ဆီအသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေသည့် ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ၁၈ လစာချုပ်ဖြင့် ခေါ်ယူရန် အလွန်နီးစပ်နေကြောင်း အီတလီသတင်းစာ Gazetta dello Sportက ဖော်ပြခဲ့သည်။

အသက် ၃၈ နှစ်အရွယ် အီဘရာဟီမိုဗစ်သည် အေစီမီလန်အသင်း၌ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် လစာညှိနှိုင်းရန်သာလိုတော့ကြောင်း သိရသည်။

အေစီမီလန်အသင်းသည် အီဘရာဟီမိုဗစ်အား ၁၈ လစာချုပ်အတွက် ပေါင် ၅ ဒသမ ၁ သန်း သာ ပေးချေလိုပြီး အီဘရာဟီမိုဗစ်က ပေါင် ၇ ဒသမ ၂ သန်း အထိ အလိုရှိနေကြောင်း Gazetta dello Sportက ဖော်ပြခဲ့သည်။

၎င်းသည် အေစီမီလန်အသင်း၌ကစားခဲ့သည့် နှစ်ရာသီအတွင်း (၈၅)ပွဲကစားခဲ့ရာတွင် (၅၆)ဂိုးအထိ သွင်းယူပေးခဲ့ကြောင်း သိရသည်။

အီတလီဂျာနယ်လစ်တစ်ဦးဖြစ်သူ ဒီစတီဖာနိုက ” အီဘရာ ဒါမှမဟုတ် တခြားတိုက်စစ်မှူးတစ်ဦးဦးကို လာမယ့်ဇန်နဝါရီထဲမှာ အေစီမီလန်အသင်း ခေါ်ယူလိမ့်မယ်။ အဲဒီကစားသမားက အတွေ့အကြုံရင့်ပြီး သန်မာတဲ့တိုက်စစ်မှူးကောင်းတစ်ဦးပါပဲ။ လာမယ့် ဇန်နဝါရီမှာ ပီယွန်တက်ခ် အသင်းကနေထွက်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နောက်လာမယ့်(၄)ပွဲက သူမီလန်မှာ ဆက်ရှိမလား၊ အသင်းကနေ ထွက်ခွာသွားမလားဆိုတာ အဆုံးအဖြတ်ပေးပါလိမ့်မယ်”ဟု သုံးသပ်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments