ရိုးမားအသင်း၏ နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုက အီတလီနိုင်ငံသည် ဘောလုံးနှင့်ပတ်သက်ပြီး နည်းဗျူဟာပိုင်းအပြောင်မြောက်ဆုံးနိုင်ငံဖြစ်ပြီး ယင်းအတွက်ကြောင့်လည်း အကောင်းဆုံးနည်းပြများ ထွက်ပေါ်နေသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် ပေါ်တူဂီ၊ အင်္ဂလန်၊ စပိန်၊ အီတလီနိုင်ငံများတွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ၎င်းက “ကျွန်တော် အခုလို ပြောတာကို တချို့တွေက သဘောတူချင်မှ တူပါလိမ့်မယ်။ ဒါပေမဲ့ အီတလီ ဘောလုံးလောကဟာ တခြား ဘယ်နိုင်ငံထက်မဆို နည်းဗျူဟာပိုင်းမှာ အပြောင်မြောက်ဆုံးနိုင်ငံဖြစ်သလို၊ ဒါကြောင့်လည်း အကောင်းဆုံးနည်းပြတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ယခင်ကလည်း အီတလီလူမျိုးနည်းပြများဖြစ်သည့် ထရာပတ်တိုနီ၊ မာဆယ်လိုလစ်ပီ၊ ကာလိုအန်ဆယ်လော့တီ စသည့် နည်းပြများကို ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သလို၊ လက်ရှိ စိီးရီးအေတွင်လည်း အယ်လီဂရီ၊ ဆီမြွန်နီအင်ဇာဂီ တို့ကဲ့သို့ နည်းပြများသည် ကမ္ဘာ့အဆင့် နည်းပြများဟု ဆိုထားသည်။






