မန်ယူအသင်းသည် အင်တာမီလန်ဂိုးသမားအိုနာနာကို ပြောင်းရွှေ့ကြေးပေါင် ၄၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။ အိုနာနာသည် မန်ယူနှင့် ၅ နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။
မန်ယူသည် ကင်မရွန်းဂိုးသမား အိုနာနာ အပြောင်းအရွှေ့ကို တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လာမည့် ဗုဒ္ဓဟူးနေ့ အသင်း ခြေစမ်းခရီးစဉ်တွင် အိုနာနာကို ခေါ်ယူသွားနိုင်ရန် ကြိုးစားနေသည်။
စနေနေ့ အာဆင်နယ်နှင့် ကစားမည့်နေ့တွင် အိုနာနာသည် မန်ယူအတွက် ပထမဆုံးပွဲစဉ်ကို စတင်ပါဝင်ကစားဖွယ် ရှိနေသည်။ အိုနာနာသည် မန်ယူကို ကီုယ်စားပြု၍ ဒေါ့မွန် ရီးရဲမက်ဒရစ် အသင်းတို့နှင့်လည်း အဆိုပါ ခြေစမ်းခရီးစဉ်တွင် ရင်ဆိုင်ရမည်ဖြစ်သည်။

မန်ယူသည် ဒဟေးယားထွက်ခွာသွားပြီးနောက် အိုနာနာကို အသင်းနံပါတ်တစ်ဂိုးသမားအဖြစ်သုံးသွား မည်ဖြစ်သည်။ အိုနာနာသည် တန်းဟက်နှင့် အိုင်းယက်စ်တွင် လက်တွဲခဲ့ဖူးပြီး တန်းဟက်စိတ်ကြိုက်ကစားနိုင်သူ ဖြစ်သည်။
အိုနာနာသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် အင်တာမီလန်အသင်းအတွက် ၄၁ ပွဲပါဝင်ကစားခဲ့ပြီး အင်ဇာဂီ အသင်းနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သလို ကိုပါအီတာလီယာဖလားနှင့် စူပါကိုပါအီတာလီယာဖလားတို့ကိုလည်း ရရှိခဲ့သည်။

မန်ယူသည် မေဆင်မောင့်ကို ခေါ်ယူသွားပြီးနောက် အိုနာနာသည် လက်ရှိဘောလုံးရာသီတွင် အသင်းအတွက် ဒုတိယမြောက်ခေါ်ယူမှု ဖြစ်လာခဲ့ပြီး အပြောင်းအရွှေ့အသုံးစရိတ်သည်လည်း ပေါင်သန်း ၁၀၀ အထိရှိလာပြီ ဖြစ်သည်။
မန်ယူသည် အိုနာနာကို ခေါ်ယူလိုက်နိုင်ပြီးနောက် တိုက်စစ်မြှားဦးနေရာတွင်ကစားမည့် ဟွိုက်ချ်လန်းကို အရခေါ်ယူသွားရန် ကြိုးစားလာဖွယ်ရှိသည်။