Thursday, January 22, 2026
spot_img
spot_img

အိမ်ဖြူတော်သို့ မလာရောက်နိုင်ခဲ့တဲ့အပေါ် သမ္မတ ဘိုင်ဒန်ထံ စာရေးသားပေးပို့ ရှင်းပြလိုက်တဲ့ မက်ဆီ

အင်တာမီယာမီစတားဟာ Presidential Medal of Freedom ကို ရရှိခဲ့သော်လည်း ဝါရှင်တန်ဒီစီက ဆုပေးပွဲ အခမ်းအနားကိုတော့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ သမ္မတဘိုင်ဒန်ရဲ့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အခမ်းအနားသို့ အံ့အားသင့်ဖွယ် မတက်ရောက်နိုင်ခဲ့တဲ့အပေါ် မက်ဆီက ရှင်းပြလိုက်ပါတယ်။

အာဂျင်တီးနားနိုင်ငံသားဟာ Presidential Medal of Freedom ဆုကို ဟီလာရီကလင်တန်၊ ဘီလ်နေး၊ ဂျန်နီဂွတ်ဒယ်တို့နှင့်အတူ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ယူအက်စ်မှာ ပြည်သူတွေကိုပေးတဲ့ အမြင့်ဆုံးဆု ဖြစ်ပေမယ့် မက်ဆီက တက်ရောက်ခဲ့ခြင်း မရှိပါဘူး။သို့သော်လည်း စနေနေ့နှောင်းပိုင်းမှာတော့ ဘာကြောင့် မတက်ရောက်နိုင်ခဲ့သလဲဆိုတဲ့အပေါ် မက်ဆီရဲ့အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Messi writes to President Biden to explain why he can't come to the White House

“လီယိုအား ဒီလိုအသိအမှတ်ပြု ဆုချီးမြှင့်ဖို့ ဒီဇင်ဘာ လကုန်ပိုင်းမှာ ကလပ်ထံသို့ ဖီဖာမှတဆင့် အိမ်ဖြူတော်က အကြောင်းကြားခဲ့ပါတယ်။ လီယိုက အိမ်ဖြူတော်ထံ စာတစ်စောင်ပေးပို့ပြီး အလွန်ဂုဏ်ယူကြောင်းနဲ့ ဒါဟာ အရမ်းကောင်းတယ်ပါလို့ ပြောခဲ့ပါတယ်။ ဒီလိုအသိအမှတ်ပြုမှုကို လက်ခံရရှိဖို့ဆိုတာက အခွင့်ထူးဖြစ်သော်လည်း အချိန်ဇယားဆွဲထားပြီးဖြစ် ကိစ္စများနှင့် ကြိုတင်ကတိပေးထားတဲ့အရာများရှိနေခြင်းကြောင့် တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီလိုဆုချီးမြှင့်မှုကို အထူးကျေးဇူးတင်ပြီး မဝေးတော့တဲ့အနာဂတ်မှာ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်မိပါတယ်” လို့ အသင်းက ထုတ်ပြန်ထားပါတယ်။

အသက် ၃၇ နှစ်အရွယ် မက်ဆီဟာ လူသိရှင်ကြားထွက်ပေါ်ဖို့ ဝန်လေးသူဖြစ်ပြီး ကွင်းပြင်ပမှာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိုသာ ဦးစားပေးတယ်သူလို့ လူသိများပါတယ်။ မည်သို့ပင်ဆိုစေကာမူ သမ္မတရဲ့ ဆုပေးပွဲသို့ မတက်ရောက်ခဲ့ခြင်းကတော့ များစွာအံ့အားသင့်စေခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments