မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ အမြဲတမ်း နည်းပြ ထွက်ခွာသွားခဲ့တဲ့ လိဒ်စ် ယူနိုက်တက် အသင်းကို ဧည့်ခံကစားခဲ့ရပြီး 2 – 2 ဆိုတဲ့ သရေ ရလဒ်သာ ရယူသွားနိုင်ခဲ့ကာ အိမ်ကွင်း မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ရပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက် ကွင်းလယ် ကစားသမားတွေဟာ ပွဲစဥ် စတင် ကတည်းက လေးလံနေခဲ့ကြပြီး ပြိုင်ဖက်် အသင်းရဲ့ တိုက်စစ်ဆင်မှုကို ကြားဝင် ဟန့်တားဖို့ ၊ ဖိိအားပေး ကစားပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် တစ်မိနစ်ခွဲမှာပဲ အဖွင့်ဂိုး ပေးခဲ့လိုက်ရပါတယ် ။
အဲ့ဒီနောက် အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ တိုက်စစ်မှာ ဂါနာချို အသုံးချနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။ အထူးသဖြင့် ပြိုင်ဖက် ဂိုးသမားကို ကျော်ဖြတ်နိုင်ခဲ့တာတောင် ဂိုးပေါက် ကန်သွင်းဖို့ အရှိန်ယူနေခဲ့တာက ခြေပဂိုး ရရှိဖို့ ကြန့်ကြာစေခဲ့ပါ

ဒီပွဲမှာတော့ ယူနိုက်တက် ကွင်းလယ် ကစားသမားသစ် ဆာဗစ်ဇာ က တခါတရံ လေးလံနေခဲ့တာက လွဲရင် ယူနိုက်တက် ပရိသတ်တွေ မြင်တွေ့လိုနေခဲ့ကြတဲ့ အဝေးကန်ချက်တွေ လုပ်ပြနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်ပြနိုင်ခဲ့တာတွေက ကြည့်ကောင်းခဲ့ရပါတယ် ။
ဒါပေမဲ့ ဒုတိယပိုင်း အစမှာလည်း ဗာရန်းရဲ့ ထိချက်ညံ့ခဲ့မှုကြောင့် ယူနိုက်တက်တို့ နောက်ထပ် ဦးဆောင်ဂိုး ပေးခဲ့ရပါတယ် ။ အဲ့ဒီနောက် ဆန်ချို ဝင်လာမှ ယူနိုက်တက် တိုက််စစ်ဟာ ပိုမို အသက်ဝင်လာခဲ့ပြီး ရပ်ရှ်ဖို့ နဲ့ သူရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်တို့ တစ်မှတ်ရခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာလည်း ယူနိုက်တက်တို့ အခွင့်အရေးအချို့ ရရှိခဲ့ကြပေမဲ့ အသုံးမချနိုင်ခဲ့တာက 13 ပွဲဆက်အိမ်ကွင်းနိုင်ပွဲ မှတ်တမ်းကောင်းကို ရပ်တန့်သွားစေခဲ့ပါတယ် ။ ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က သရေ ရလဒ် ထွက်ပေါ်တာနဲ့ ပတ်သက်လို့ ဝန်ခံမှု အချို့ ပြုလုပ်သွားခဲ့ပါတယ် ။
” ဒါဟာ အိမ်ကွင်းမှာ ရမှတ် နှစ်မှတ် လျော့သွားခြင်းပါပဲ ။ ဒီနေရာကိုလာပြီး ကျွန်တော်တို့နဲ့ ရင်ဆိုင်ရင်း ဂိုးတွေ သွင်းနိုင်ဖို့ ၊ အမှတ်ခွဲယူနိုင်ဖို့က ပြိုင်ဖက်တွေအတွက် တကယ့်ကို ခက်ခဲလှပါတယ် ။ ကျွန်တော်တို့ လိဒ်စ် ကို တစ်မှတ် ပေးခဲ့ရပြီး နှစ်မှတ် ဆုံးရှုံးသွားခဲ့ရပါတယ် ။ ဒီပွဲကို ကျွန်တော်တို့ မနိုင်ခဲ့ကြပါဘူး ”

” ကျွန်တော်တို့ နိုင်ဖို့ အခွင့်အရေးတွေ ရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ အချို့သော အခိုက်အတန့်တွေမှာ ကျွန်တော်တို့ ကံမကောင်းခဲ့ကြပါဘူး ။ အခုတော့ ပွဲပြီးသွားခဲ့ရပါပြီ ။ ကျွန်တော်တို့ လာမယ့်ပွဲကို ရှေးရှုရပါတော့မယ် ။ ဒီပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လုပ်နိုင်တာက အမှားတွေကို ဆင်ခြင်ပြီး တနင်္ဂနွေနေ့မှာ ဆက်မလုပ်မိဖို့ပါပဲ ”
” ဒီကွင်းထဲ ကျွန်တော်တို့ ကစားခဲ့ပုံနဲ့ 2 – 0 ဖြစ်သွားစရာ အကြောင်းကို မရှိပါဘူး ။ ဒါပေမဲ့ အဲ့တာက ပြသနာ မဟုတ််ခဲ့ရပါဘူး ။ ကျွန်တော်တို့ ကျဆင်းသွားတိုင်း ပြန်လည် တိုက်ပွဲဝင်ပြီး ရလဒ်ကောင်း ပြန်လည် ရယူနိုင်ဖို့ လိုအပ်လှပါတယ် ။ အထူးသဖြင့် အခုလို အိမ်ကွင်းပွဲစဥ်မျိုးမှာပေါ့ဗျာ ” လို့ ဘရူနို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။






