မော်ရင်ဟို ကတော့ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံဆုကို ဆွတ်ခူး နိုင်လိမ့်မယ်လို့ မမြင်ကြောင်း ဆိုလိုက်ပြီး မန်စီးတီး အသင်းကပဲ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်း ဖြစ်နေဆဲ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။
မော်ရင်ဟို က ချဲလ်ဆီး ကွင်းလယ်လူဟောင်း အိုဘီ မီခေးလ် ရဲ့ The Obi One Podcast အစီအစဉ်မှာ ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်သူ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ” မန်စီးတီး က ၅၁% ၊ လီဗာပူး က ၄၉% ပေါ့ ။ ”
မီခေးလ် က အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် ကို ရော ထည့်မတွက်ဘူးလားလို့ ထပ်မံ မေးမြန်း ခဲ့ရာ မော်ရင်ဟို က ” Na ” လို့ အဖြေပြန် ပေးခဲ့ပါတယ် ။ ဆက်လက်ပြီး မီခေးလ် က ” ပြိုင်ဆိုင်မှုတွေ ရှိနေဆဲ ပဲမလား ” ထောက်ပေးလိုက်ရာ

မော်ရင်ဟို ” ပြိုင်ဆိုင်မှုတွေကြောင့် ခုလို ပြောတာ မဟုတ်ပါဘူး ၊ သူတို့ အတွက် အခိုက်အတန့်ကောင်း မရောက်သေးဘူး ထင်တာကြောင့်ပါ ။ ပြိုင်ဘက်တွေ ဖြစ်ခဲ့တယ် ဆိုတာကို ဘေးဖယ် ထားလိုက်ရင် ကျနော် သူတို့ကို ဗိုလ်စွဲ စေချင်ပါတယ် ၊ ချန်ပီယံလုပွဲမှာ အသင်း သုံးသင်း ရှိနေတာမျိုးကို ကျနော် မြင်ချင်ပါတယ် ။ ဒါပေါ့ ချဲလ်ဆီး ကတော့ ဗိုလ်စွဲ နိုင်ချေ မရှိပါဘူး ၊ မန်ယူနိုက်တက်လည်း တူတူပါပဲ ။ ဒါကြောင့် ဒီနှစ်သင်း အကြောင်းကို လုံးဝ ထည့်မပြောတာပါ ။ ”
” ချန်ပီယံဆု အတွက် ပြိုင်ရမှာ သုံးသင်းပါပဲ ၊ အဲ့ဒီ သုံးသင်းထဲက အာဆင်နယ် အသင်း ရမယ်ဆို ကျနော် ပျော်ရွှင်မိမှာပါ ။ ဒါပေမဲ့ ကျနော့် အမြင်ကတော့ မန်စီးတီး နှင့် လီဗာပူး က ၅၁ နှင့် ၄၉ ပါပဲ ၊ ပွဲတွေ ကြပ်လာရင် မန်စီးတီး က နှစ်သင်းစာ လူစာရင်း ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






