Monday, February 9, 2026
spot_img
spot_img

အာဆင်နယ် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်သူကို ရွေးချယ် ပေးလိုက်တဲ့ အီယန်ရိုက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် က အာဆင်နယ် အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ဟာ ဆာကာ ၊ ဆလီဘာ တို့ကို ကျော်ဖြတ်ပီး ကလပ် အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရထိုက်သူ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

နော်ဝေ လက်ရွေးစင် အသင်း ခေါင်းဆောင် အော်ဒီဂတ် ဟာ ဒီရာသီ အစမှာ အာဆင်နယ် အသင်း ရဲ့အမြဲတမ်း အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ် ခံခဲ့ရသူ ဖြစ်ပါတယ် ။ အော်ဒီဂတ် ဟာ ဒီတစ်ပတ် ချဲလ်ဆီး နဲ့ ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူ ခဲ့ပြီးနောက် ဒီရာသီ လိဂ် သွင်းဂိုး ၁၄ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပီး သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ် ။

အီယန်ရိုက် က ရီးရဲလ်မက်ဒရစ် အသင်းကနေ အော်ဒီဂတ် ကို အပြီးသတ် ခေါ်ယူ နိုင်ခဲ့တာဟာ နည်းပြ အာတီတာ ရဲ့ အကောင်းဆုံး ခေါ်ယူမှု တစ်ခု ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဒီနှစ် အာဆင်နယ် အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

” သူ့ကို စာချုပ်ချုပ် ခေါ်ယူ နိုင်ခဲ့တဲ့ အပေါ် ကျနော်ကတော့ ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ သူ့ကို အငှားနဲ့ ခေါ်နိုင်ခဲ့တာကိုတောင် မယုံနိုင်လောက်အောင် ဖြစ်နေတာပါ ၊ သူ့ရဲ့ အရည်အသွေး လုပ်နိုင်စွမ်းတွေကြောင့် အသင်းက သူ့ကို အပြီးသတ် ခေါ်လိုက်ပါတယ် ။ ”

” သူ က အသင်းကို ကပ္ပတိန် အဖြစ် ဦးဆောင် ကစားနေတာ အချိန် အကြာကြီး မရှိသေးဘူး ဆိုပေမယ့် ကပ္ပတိန် အဖြစ် နဲ့ သွင်းဂိုးတွေ အများကြီး သွင်းထား နိုင်တာက တကယ့်ကို မယုံနိုင်စရာပါပဲ ။ အရိုးသားဆုံး ပြောရရင် သူက ကျနော်တို့ အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားပါ ။ ”

” ဝီလီယံ ဆလီဘာ ကလည်း အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား စာရင်းထဲ ရှိခဲ့ပါတယ် ၊ ဒါပေမယ့် သူ အခု ဒဏ်ရာ ပြဿနာ ရှိနေပါတယ် ၊ အော်ဒီဂတ် က ဒီနှစ်တရာသီလုံး တည်ငြိမ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကို တောက်လျှောက် ပြသ နေခဲ့တာပါ ၊ တကယ့်ကို အံ့ဖွယ်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments