၁ ။ အာဆင်နယ် အသင်းဟာ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ခါရာဘောင်း ဖလား တတိယ အဆင့် ပွဲစဉ် အဖြစ် ဘရန့်ဖိုဒ့် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ၊ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ ဒေးဗစ် ရာယာ ပါဝင် ကစားခွင့် ရှိတယ်လို့ သိရပါတယ် ။
၂ ။ ဒီရာသီ အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် ရယူဖို့စိုင်းပြင်းနေတဲ့ အာဆင်နယ် အမျိုးသမီး အသင်းဟာ မန်ချက်ယူနိုက်တက် အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား Mary Earps အတွက် ဒုတိယ အကြိမ် ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်သွားမှာ ဖြစ်ပြီး အမျိုးသမီး ဂိုးသမား တစ်ဦးအတွက် စံချိန်တင်ကြေး နဲ့ ဖြစ်နိုင်တယ်လို့ သိရပါတယ် ။

၃ ။ အာဆင်နယ် အသင်း တိုက်စစ်မှူး ဘာလိုဂန် ဟာ ပြင်သစ် လီဂူး ကလပ် မိုနာကို အသင်းထံ အပိုဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၃၄.၄ သန်း ၊ ငါးနှစ် စာချုပ် နဲ့ အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပါပြီ ။ ဘာလိုဂန် ကို ရောင်းချမှု ဟာ ချိန်ဘာလိန်း ပြီးရင် အာဆင်နယ် အသင်း ပြောင်းရွှေ့ကြေး အများဆုံးရတဲ့ ကစားသမား ရောင်းချမှု လည်း ဖြစ်ပါတယ် ၊ အာဆင်နယ် အသင်းဟာ ဘာလိုဂန် ကို ရောင်းချမှု မှာ future sell-on clause 17.5% ကိုလည်း ထည့်သွင်း ခဲ့ပါတယ် ။
၄ ။ လူတန်တောင်း အသင်းဟာ မန်ယူနိုက်တက် နောက်ခံလူ Teden Mengi ကို ခေါ်ယူဖို့ နီးစပ် နေပြီ ဖြစ်တာကြောင့် ဟိုးလ်ဒင်း ကို ခေါ်ယူနိုင်ချေ နည်းပါး သွားခဲ့ပါပြီ ။ ဟိုးလ်ဒင်းဟာ အာဆင်နယ် ကနေ ထွက်ခွာဖို့ ရာခိုင်နှုန်း များနေတဲ့ ကစားသမား ဖြစ်ပြီး မာယော့ကာ အသင်း နဲ့ ဆွေးနွေး ပြောဆိုမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

၅ ။ အာဆင်နယ် အသင်း ပါဝင်တဲ့ ချန်ပီယံလိဂ် အုပ်စု မဲခွဲပွဲကို ဒီကနေ့ည မြန်မာ စံတော်ချိန် ၁၀ နာရီ မိနစ် ၃၀ မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး အာဆင်နယ် အသင်းဟာ မဲအိုး ၂ ထဲ ကျရောက်နေပါတယ် ။ အာဆင်နယ် အသင်းတွေ့နိုင်တဲ့ မဲအိုး ၁ ထဲက အသင်းတွေကတော့ဆီဗီလာ ၊ ဘာစီလိုနာ ၊ နာပိုလီ ၊ ဘိုင်ယန်မြူးနစ် ၊ ပီအက်စ်ဂျီ ၊ ဘင်ဖီကာ ၊ ဖီယင်နောဒ့် တို့ ဖြစ်ပါတယ် ။
၆ ။ ချဲလ်ဆီး အသင်းဟာ မန်စီးတီး တောင်ပံ ကစားသမား ကိုးပါးလ်မား ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပြီ ဖြစ်တာကြောင့် စမစ်ရို အာဆင်နယ် မှာပဲ ဆက်ရှိဖို့ သေချာ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ကနဦးကတည်းက အာဆင်နယ် အသင်းဟာ စမစ်ရို ကို မက်လောက် စရာ ပြောင်းရွှေ့ကြေး နဲ့ ကမ်းလှမ်းလာမှသာလျှင် ရောင်းချဖို့ စဉ်းစားထားတာ ဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း မြို့ခံပြိုင်ဘက်ထံ ပြောင်းရွှေ့ဖို့ ဆန္ဒ မရှိပါဘူး ။

၇ ။ အာဆင်နယ် အသင်း ရဲ့ လူငယ် ကြယ်ပွင့် ဆာလာ အက်ဒီနေး ဟာ နယ်သာလန် ကလပ် Den Bosch ကို ရာသီဝက် အငှား နဲ့ ပြောင်းရွှေ့ကစားတော့မှာ ဖြစ်ပါတယ် ။
၈ ။ ESPN က ဖော်ပြတဲ့ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း ၁၀ သင်း စာရင်းမှာ အာဆင်နယ် အသင်းဟာ Odds 10-1 နဲ့ ၊ မန်စီးတီး ၊ ဘိုင်ယန်မြူးနစ် ၊ ရီးယဲလ် မက်ဒရစ် တို့နောက် စတုတ္တမြောက် ရေပန်း အစားဆုံး အသင်း ဖြစ်နေပါတယ် ။
၉ ။ အာဆင်နယ် အသင်းရဲ့တောင်ပံ ကစားသမား ဆာကာ က သူ့ရဲ့ အပြီးပြည့်စုံ ပရီးမီးယားလိဂ် ဘောလုံး ကစားသမား ကို ပုံဖော်ရာမှာ ဒီဘရိုင်းနား ရဲ့ညာခြေ ၊ သူ့ရဲ့ ဘယ်ခြေ ၊ မာတင်နယ်လီ ရဲ့အမြန်နှုန်း ၊ ဝေါလ်ကာ ရဲ့ သန်မာမှု နှင့် အော်ဒီဂတ် ရဲ့ဘောလုံး အိုင်ကျူ တို့ကို ရွေးချယ် ပေးသွားခဲ့ပါတယ် ။






