Tuesday, January 13, 2026
spot_img
spot_img

အာဆင်နယ်အသင်းနဲ့အနာဂတ်အကြောင်း ဖွင့်ဟပြောကြားလာတဲ့ ဂျီးဆပ်စ်

ဘရာဇီးမြေကိုပြန်ဖို့ ချိတ်ဆက်နေပေမယ့် အာဆင်နယ်စတား ဂျီးဆပ်စ်က မိမိအနေနဲ့ အသင်းမှာနေရာရဖို့ လက်လျှော့မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၇ နှစ်သားဟာ အခုရာသီမှာရုန်းကန်နေရပေမယ့် ခရစ္စမတ်ကာလနောက်ပိုင်း ၄ ပွဲမှာ ၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ကာ ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၁ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ဂျီးဆပ်စ်ရဲ့ယခင်စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်ဟာ နွေရာသီတုန်းက တိုက်စစ်မှူးအသစ်ရှာဖွေခဲ့ရသေးတာဖြစ်ပြီး အောက်တိုဘာတုန်းက ဘရာဇီးကလပ် ပါးလ်မီးရက်စ်အသင်းက ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါအပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲအပြီးမှာ ဂျီးဆပ်စ်က အနာဂတ်အကြောင်း ပြောကြားလာခဲ့ပါတယ်။

“ကျွန်တော် အလုပ်ဆက်ကြိုးစားနေပါတယ်။ ပြီးတော့ အသင်းမှာရှိတဲ့သူတိုင်း ကျွန်တော်နေ့တိုင်းဘယ်လောက်အလုပ်ကြိုးစားလဲဆိုတာ ပြောကြပါလိမ့်မယ်။ ကျွန်တော် လက်လျှော့မှာမဟုတ်သလို အာဆင်နယ်လိုအသင်းကြီးမှာ ကစားဖို့ဆိုတာ မလွယ်ကူပါဘူး။ အခုဆို ကျွန်တော်ဂိုးပြန်သွင်းနိုင်သလို ကျွန်တော်အရမ်းပျော်ပါတယ်။ အသင်းကို ဂိုးတွေနဲ့ဆက်လက်ကူညီချင်ပါတယ်”လို့ ဂျီးဆပ်စ်က ပြောကြားခဲ့ပါတယ်။

One goal from Arsenal's 3-1 win over Brentford.

ဂျီးဆပ်စ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အာတီတာက “တိုက်စစ်မှူးအားလုံးက အရှိန်တစ်ခုရဖို့ လိုအပ်ပါတယ်။ သူ့မှာ အဖြစ်အပျက်တွေအများကြီးအပြင် ဒဏ်ရာတွေကော ပွဲပယ်တွေပါရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အာရုံစိုက်မှုက တကယ်ကောင်းပါတယ်။ အဲ့တာက အမြဲတမ်းပါပဲ။ ကျွန်တော်တို့ သူ့အခြေအနေကို အမြန်ဆုံးကျော်လွှားနိုင်အောင် ကြိုးစားပေးသွားမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ဝုဗ်စတား ကန်ဟာကို ချိတ်ဆက်နေတဲ့အပေါ် အာတီတာက လာမယ့်အပြောင်းအရွှေ့မှာ အခွင့်အရေးရှိခဲ့ရင် ခေါ်ယူသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments