Tuesday, January 13, 2026
spot_img
spot_img

အာဆင်နယ်အသင်းတိုက်စစ်မှူး မခေါ်ယူမှာကို စိုးရိမ်နေတဲ့ ကာရေဂါ

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက အာဆင်နယ်အနေနဲ့ အခုဆောင်းဈေးကွက်မှာ တိုက်စစ်မှူးသစ်မခေါ်ယူမှာကို စိုးရိမ်နေပြီး အဲ့တာက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထိခိုက်ဖွယ်ရှိနေတာဖြစ်ပါတယ်။

၂ ရာသီဆက်ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်ဟာ အခုရာသီမှာ စီးတီးကိုကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
အာတီတာရဲ့အာဆင်နယ်အသင်းဟာ အခုရာသီမှာချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် လီဗာပူးအသင်းက ကျော်ဖြတ်နေတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက မြောက်လန်ဒန်ဒါဘီမှာ တော့တင်ဟမ်ကိုအနိုင်ရပြီးနောက် အာဆင်နယ်ဟာ လီဗာပူးအသင်းကို ဆက်လက်ဖိအားပေးထားနိုင်ပြီး စလော့တ်ရဲ့အသင်းက ၁ ပွဲလက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် ရေပန်းစားနေပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတာဖြစ်ပြီး ဆာကာအပြင် ဂျီးဆပ်စ်ပါ ထပ်မံဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Jamie Carragher arsenal

အာတီတာကလည်း နွေရာသီတုန်းက ကာလာဖီအိုရီ ၊ မာရီနိုတို့နဲ့သာ အဆုံးသတ်ခဲ့ပြီး စပိန်သားရဲ့လူခေါ်ယူမှုကို ကာရေဂါက ဝေဖန်ခဲ့ပါတယ်။
“အဲ့တာက တကယ့်ကို စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ သူတို့ တိုက်စစ်ပိုင်း ပိုလိုအပ်ခဲ့တာပါ။ အဲ့တာကို ကွင်းလယ် နဲ့ နောက်တန်းကို ဦးစားပေးခဲ့ပါတယ်။ မာရီနိုကိုခေါ်ယူခဲ့ပေမယ့် သူက ပွဲအဖြေကိုပြောင်းပေးနိုင်တဲ့သူမဟုတ်ပါဘူး။

ဒီရာသီပထမရာသီအတွက် ရာသီကြိုကတည်းက ကြိုတင်ပြင်ဆင်ရမှာပါ။ ကျွန်တော် လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ချဲလ်ဆီးအနေနဲ့ ဂိုးသမား နဲ့ နောက်တန်းမခေါ်ရင် ဆုဖလားမရနိုင်ဘူးလို့ ရေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေက သူတို့အဆင်ပြေခဲ့ပေမယ့် အခုတော့ဖြစ်လာခဲ့ပါပြီ။ အာဆင်နယ်ကလည်း တိုက်စစ်မှူးမရှိရင် ချန်ပီယံမဖြစ်နိုင်ပါဘူး။ အခုလည်း ဆာကာကော ဂျီးဆပ်စ်ပါ ဒဏ်ရာရခဲ့ပါပြီ။

တကယ်လို့ အခုဈေးကွက်မှာ မခေါ်ပဲ ကိုင်ဟာဗက်ဇ် ၊ ထရိုဆက် ၊ မာတီနယ်လီတို့နဲ့ဆက်သွားရင် အဆင်ပြေမှာမဟုတ်ပါဘူး”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက စတာလင်ကို ချဲလ်ဆီးကနေ အငှားနဲ့သာခေါ်ယူခဲ့ပြီး အင်္ဂလန်သားဟောင်းက အခုရာသီဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးနေခဲ့ရပါတယ်။ အာဆင်နယ်ဟာ လာမယ့်စနေနေ့မှာ ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments