Tuesday, January 13, 2026
spot_img
spot_img

အာဆင်နယ်နဲ့ နိုင်ပွဲအပြီး လူငယ် ကြယ်ပွင့် တစ်ဦးကို ချီးကျူးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

အမေရိကမှာ အာဆင်နယ် အသင်းကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက် အသင်း ခေါင်းဆောင််သစ် ဘရူနို ဖာနန်ဒက်စ် က အကယ်ဒမီထွက် ကြယ်ပွင့်လေး ကော့ဘီ မိုင်နူး ကို အမွှမ်းတင် ချီးကျူး သွားခဲ့လိုက်ပါတယ် ။

မိုင်နူး ဟာ ဇန်နဝါရီ တုန်းက ယူနိုက်တက်တို့ ချာလ်တန် အသင်းနဲ့ ကစားခဲ့ကြတဲ့ လိဂ် ဖလား ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စတင် ပွဲထွက် ကစားပေးခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် လက်စတာ နဲ့ ပွဲစဥ်မှာ ပရီးမီးယားလိဂ်ပွဲ စတင် ကစားခွင့်ရခဲ့ပါတယ် ။

အဲ့ဒီနောက် သူဟာ ရာသီကုန်ခါနီး ဒဏ်ရာ မရခင်အထိ စီနီယာ အသင်းရဲ့ ကစားသမား စာရင်းထဲ အမြဲတမ်းလို ပါဝင်နိုင်ခဲ့ပါသေးတယ် ။ အခုတော့ သူဟာ အသင်းနဲ့ ရာသီိကြို ပွဲစဥ်တွေမှာပါ လိုက်ပါခွင့် ရရှိခဲ့ပြီး ပွဲထွက်ကစားခွင့်ပါ ပိုင်ဆိုင်ခဲ့ပါပြီ ။

ဒါ့အပြင် အာဆင်နယ် အသင်းနဲ့ ပွဲစဥ်မှာ သူဟာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် အတွက် ဂိုးပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ အခုတော့ ဘရူနို ဖာနန်ဒက်စ် က မိုင်နူး ဟာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

” ရိုးရိုးသားသားပြောရရင်တော့ ကော့ဘီ က ခမ်းနားတဲ့ ကစားသမား တစ်ယောက်ပါ ။ သူက အကြမ်းခံနိုင်တယ်ဆိုတာကို ပြသသွားနိုင်ခဲ့ပါတယ် ။ သူဟာ အလုပ်လုပ်ဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေသူ တစ်ဦးပါ ။ သူ့ရဲ့ အလုပ််လုပ်နိုင်စွမ်းက အရမ်းမြင့်မားပါတယ် ”

” သူက ဘောလုံးကိုင် ကစားတာ ကောင်းတယ် ၊ သန်မာတယ် ၊ ပြီးတော့ ခံစစ်ရော တိုက်စစ်ကိုပါ လိုက်ပါ ကစားပေးနိုင်ပါတယ် ။ သူဟာ ကျွန်တော့် ဂိုးကို ရရှိစေနိုင်ရေး အတွက် နေရာလွတ် ဖြစ်ပေါ်အောင် ဘယ်လို တိုက်စစ်ဆင််ခဲ့သလဲဆိုတာ ခင်ဗျားတို့ မြင်ကြမှာပါ ”

” သူ့အသက် အရမ်းငယ်ပါသေးတယ် ။ ဒါပေမဲ့ သူ့ရဲ့ အနာဂတ် တောက်ပနေတာကို ခင်ဗျားတို့ မြင်နိုင်မှာပါ ။ သူ ပွဲကစားချိန် မိနစ်တွေ ပိုရရှိဖို့ မျှော်လင့်နေပါတယ် ။ သူဟာ ကျွန်တော်တို့အတွက် ခမ်းနားတဲ့ ကစားသမား ဖြစ်လာမှာပါ ” လို့ ဘရူနို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments