Tuesday, January 13, 2026
spot_img
spot_img

အသွင်သစ်ရီးရဲလ်မက်ဒရစ်အသင်းအဖြစ် အမ်ဘာပေကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဘယ်လင်ဟမ်

ဥရောပစူပါဖလားဗိုလ်စွဲပြီးနောက် ဘယ်လင်ဟမ်က အသွင်သစ်ရီးရဲလ်မက်ဒရစ်အသင်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်း၊ ဝါဆောမြို့မှာ ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေက ယူရိုပါလိဂ်လက်ရှိချန်ပီယံတွေကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ အသင်းသမိုင်းတလျှောက် ခြောက်ကြိမ်မြောက်ဥရောပါစူပါဖလား ချန်ပီယံဆုကို သိမ်းပိုက်သွားပါတယ်။ 

ရီးရဲလ်မက်ဒရစ်အတွက် သွင်းဂိုးတွေကို ဗယ်လ်ဗာဒီနဲ့ အမ်ဘာပေတို့က ရယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲအပြီး ဘယ်လင်ဟမ်က ခက်ခဲတဲ့စိန်ခေါ်မှုတွေ ကြုံတွေ့ရဖို့ ရှိနေသေးပေမယ့် အမ်ဘာပေရောက်ရှိလာမှုနဲ့အတူ အသင်းရဲ့အသွင်အပြင်ဆန်းသစ်လာမှုအပေါ် ကျေနပ်အားရနေပါတယ်။

TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဘယ်လင်ဟမ်က “ကျွန်တော်တို့မှာ အသွင်သဏ္ဍာန်အသစ်နဲ့ အသင်းတစ်ခု ရှိနေပါပြီ။ ဒီညမှာတော့ အသွင်သစ်အသင်းကို ပြသလိုက်သလိုပါပဲ။ တခါတလေမှာတော့ အချိန်နည်းနည်းယူရပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အသင်းဖော်တွေအကြား အချင်းချင်းထိန်းညှိနေခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကျွန်တော်တို့အားလုံး အတူတကွပေါင်းစပ်ပြီး အစွမ်းကုန်တောက်ပနိုင်ခဲ့ပါတယ်။ အခုလို ပျော်ရွှင်စရာညချမ်းအချိန်အခါတွေကို ကျွန်တော်တို့တွေ ထပ်ရလာဦးမှာပါ”လို့ ပြောပါတယ်။

အမ်ဘာပေရဲ့အကျိုးသက်ရောက်မှုနဲ့ပတ်သက်လို့ ဘယ်လင်ဟမ်က “အမ်ဘာပေကလည်း ထက်မြက်မှုရှိတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေသူဖြစ်ပါတယ်။ နည်းစနစ်ပိုင်း အရည်အသွေးကောင်းမွန်သလို ထက်မြက်လွန်းတဲ့ ကစားသမားတစ်ဦးပါ။ အသင်းဖော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ကျန်တဲ့ကောင်လေးတွေလိုပဲ သူက အသင်းအတွက် အလုပ်တွေ လုပ်ပေးပါတယ်။ သူ့ကို အသိအမှတ်ပြုပေးရမှာဖြစ်ပြီး ဒီညအောင်ပွဲက အမ်ဘာပေနဲ့ ထိုက်တန်လွန်းပါတယ်”လို့ ဆက်ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ ပထမဆုံးပွဲစဉ်မှာပဲ ဆုဖလားတစ်လုံး အနိုင်ရရှိမှုနဲ့ပတ်သက်လို့ အမ်ဘာပေက “ရီးရဲလ်မက်ဒရစ်အကြောင်းပြောမယ်ဆိုရင် ဆုဖလားအကြောင်း ပြောတာပါပဲ။ ဒါက ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းပါ”လို့ ပြောပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments