Saturday, February 7, 2026
spot_img
spot_img

အသံအကျယ်ဆုံးအားပေးသည့် ပရိသတ်များစာရင်းတွင် ပရီးမီးယားလိဂ်မှ လိဒ်စ်နှင့် နယူးကာဆယ်တို့သာပါဝင်ပြီး ဒေါ့မွန်ပရိသတ်များဦးဆောင်

ဘောလုံးကွင်းများအတွင်း အားပေးသံ အဆူညံဆုံးအသင်း ၁၀ သင်း စာရင်းတွင် ပရီးမီးယားလိဂ်မှ လိဒ်စ်ယူနိုက်တက်နှင့် နယူးကာဆယ်တို့ နှစ်သင်းသာ ပါဝင်ခဲ့ပြီး ဘွန်ဒစ်လီဂါကလပ် ဒေ့ါမွန်အသင်းက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ကြောင်း စစ်တမ်း တစ်ခုအရ သိရသည်။

ဒေါ့မွန်အသင်းသည် ပရိသတ် ၈၀၀၀၀ ဝန်းကျင် အားပေးကြပြီး ဂိုးပေါက်၏နောက်၌ ရှိသည့် Yellow Wall ပင်လျှင် ဥရောပလိဂ်ပြိုင်ပွဲ အားလုံးတွင် ပရိသတ်အများဆုံး Free Stand ဖြစ်ပြီး ပရိသတ် ၂၅၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

ဒုတိယနေရာတွင် စကော့တလန်ကလပ် ဆဲလ်တစ်အသင်း၏ ပရိသတ်များက ရပ်တည်နေပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများ၏ ကလပ်အသင်းများအဖြစ် ဒေါ့မွန် (အဆင့် ၁)၊ နာပိုလီ (အဆင့် ၇)၊ နယူးကာဆယ် (အဆင့် ၈)၊ ဘီလ်ဘာအို (အဆင့် ၉) နှင့် လိဒ်စ် (အဆင့် ၁၀) တို့၏ ပရိသတ်များက အသီးသီး ရပ်တည်နေကြကြောင်းသိရှိရသည်။

ပရီးမီးယားလိဂ်တွင် ပရိသတ်အားပေးမှုအပိုင်းနှင့် ပတ်သက်ပြီး နာမည်ကျော်သည့် လီဗာပူးလ်အသင်းမှာမူ ထိပ်ဆုံး (၁၀)သင်းနှင့် ကပ်လွဲခဲ့ပြီး အဆင့် (၁၁)နေရာတွင်သာ ရှိနေကြောင်း သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments