Monday, February 9, 2026
spot_img
spot_img

အသင်းအကာအကွယ်ရရန် ဒိုင်အဖွဲ့ထိပ်တန်းအရာရှိကို ငွေပေးခဲ့ဟု ဘာစီလိုနာဒါရိုက်တာဟောင်းများဝန်ခံခဲ့ကြောင်း El Mundo ဖော်ပြ

ဘာစီလိုနာဒါရိုက်တာဟောင်းများက မိမိတို့အနေဖြင့် ဘောလုံးပွဲများတွင် ဘက်လိုက်မှုများမှ အကာအကွယ်ရရန်အတွက် လာလီဂါဒိုင်လူကြီးများအဖွဲ့ချုပ်၏ ထိပ်တန်းအရာရှိထံ ငွေပေးခဲ့သည်ဟုဝန်ခံခဲ့ကြောင်း စပိန်သတင်းစာ El Mundo က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ၎င်းတို့အသင်း ကစားသည့်ပွဲစဉ်များတွင် ဒိုင်လူကြီးများ၏ မျက်နှာပေးခြင်းကို ခံရရန်အတွက် လာလီဂါဒိုင်လူကြီးများအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဟောင်း ဟိုဆေးမာရီယာအင်းနရဇ်အား နှစ်ပေါင်း (၂၀) အတွင်း ပေါင် (၆) သန်း လာဘ်ပေးခဲ့ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် ယင်းအတွက်  မတ်လ (၁၀) ရက်က အကျင့်ပျက်ခြစားမှုအဖွဲ့တိုက်ဖျက်ရေးအဖွဲ့၏ စွဲချက်တင်ခြင်းကို ခံထားရထားကြောင်း သိရသည်။ ဘာစီလိုနာအသင်းကမူ ယင်းစွဲချက်များကို ငြင်းဆန်ထားပြီး မိမိတို့အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အကြံပေးအနေဖြင့် ငွေပေးခဲ့ခြင်းဖြစ်သည်ဟု ရှင်းလင်းထားသည်။ 

သို့သော် ယခုအခါ El Mundo သည် အမည်မဖော်ပြသည့် ဘာစီလိုနာအသင်းဒါရိုက်တာဟောင်းများကို ဆက်သွယ်ကာ မေးမြန်းခဲ့ရာ ၎င်းတို့က ဘောလုံးပွဲများတွင် ပြိုင်ဘက်အသင်းကို ဘက်လိုက်မှုများမှ ဘာစီလိုနာအသင်းအား အကာအကွယ်ပေးရန်အတွက် လာလီဂါဒိုင်လူကြီးအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ ဟိုဆေးမာရီယာအင်းနရဇ်ထံ ငွေပေးခဲ့ခြင်းဖြစ်သည်ဟု ပြန်ဖြေခဲ့ကြောင်း သိရှိရသည်။ 

ထို့ပြင် အဆိုပါဘာစီလိုနာအသင်းဒါရိုက်တာဟောင်းများက ဟိုဆေးမာရီယာအင်းနရဇ်သည် ၎င်းတို့၏ဆက်ဆံရေးကို ဖော်ထုတ်မည်ဟု ခြိမ်းခြောက်သည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် လက်ရှိအချိန်ထိ ၎င်းနှင့်အဆက်အသွယ်ရှိနေဆဲဖြစ်သည်ဟုလည်း ပြောကြားခဲ့ကြောင်း El Mundo က ဖော်ပြခဲ့သည်။ El Mundo ၏ ဖော်ပြချက်အရ ဘာစီလိုနာ အသင်းသည် ၂၀၁၉ နှစ်ကုန်ပိုင်း နှင့် ၂၀၂၀ ပြည့်နှစ် နှစ်စပိုင်းတွင်မှ အင်းနရဇ်ထံငွေပေးမှုကို ရပ်တန့်ခဲ့ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် အဆိုပါအမှုနှင့် ပတ်သက်ပြီး အစိုးရစုံစမ်းစစ်ဆေးရေး အရာရှိများက ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာ၊ နည်းပြဟောင်းများဖြစ်သည့် အင်းနရစ်နှင့် ဗယ်လ်ဗာဒီတို့ကို စစ်ဆေးမေးမြန်းရန် စီစဉ်နေကြောင်း သိရသည်။ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာကမူ ယခုစွဲချက်အတွက် အရှက်ရကြောင်း ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments