Tuesday, January 20, 2026
spot_img
spot_img

အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရန် ကြိုးစားသွားမည်ဟု လင်ဂတ် ပြောကြား

နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်ကစားသမား လင်ဂတ်က အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နှင့်ပွဲတွင် အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လင်ဂတ် (၃၀ နှစ်) သည် မန်ချက်စတာယူနိုက်တက်အသင်းတွင် ၂၀၁၁ ခု နှစ်မှ ၂၀၂၂ ခုနှစ်အထိ ကစားခဲ့ပြီး ပြီးခဲ့သည့် နွေရာသီကမှ နော်တင်ဟမ်ဖောရက်စ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။

နော်တင်ဟမ်ဖောရက်စ်အသင်းသည် ဒီဇင်ဘာ ၂၇ ရက်တွင် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ယူအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လင်ဂတ်က “အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာရမှာမို့လို့ စိတ်လှုပ်ရှားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူဖို့ သွားမှာပါ။ ကျွန်တော့်အနေနဲ့ ခံစားချက်တွေရှိပေမဲ့ အသင်းအတွက် အရမ်းအရေးပါတဲ့နိုင်ပွဲကို ရယူပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments