ရီးယဲလ်နောက်ခံလူ အလာဘာက အသင်းဖော်သစ် ဘယ်လင်ဟမ်သည် ရူးသွပ်လောက်အောင်ကောင်းသည့် ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့သည်။
အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် (၂၀ နှစ်)သည် ယခုနွေတွင် ဒေါ့မွန်မှ ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပွဲဦးထွက် (၃) ပွဲတွင် (၄) ဂိုး သွင်းယူထားသည်။
အလာဘာက ”ဘယ်လင်ဟမ်က ရူးသွပ်လောက်စရာ ကစားသမားပါပဲ။ ဘာပြောရမှန်းတောင် မသိပါဘူူး။ သူက အရမ်းရင့်ကျက်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ပါရမီရှင်လည်း ဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း အရမ်းကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။







