Wednesday, January 14, 2026
spot_img
spot_img

အသင်းဖော်စတားတစ်ဦးဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် ချီးကျူးလိုက်တဲ့ ဗယ်လ်ဗာဒီ

ရီးရဲလ်စတား ဗယ်လ်ဗာဒီက အသင်းဖော် တိုက်စစ်မှူး ဘာပေဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဘာပေဟာ ရီးရဲလ်အသင်းထံပြောင်းလာပြီးကတည်းက ပတ်ဝန်းကျင်အသစ်မှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ပြင်သစ်သားဟာ အထိုင်ကျလာခဲ့ပြီး ဆီဗီလာကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ကာ ရီးရဲလ်အသင်းကို အဆင့် ၂ နေရာ တက်ရောက်လာနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဘာပေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဗယ်လ်ဗာဒီက “ကျွန်တော်တို့ သူ့ကိုအကောင်းဆုံးမြင်ချင်တာပါ။ သူကလည်း လေ့ကျင့်ခန်းအစီအစဉ်မှာ တတ်နိုင်သမျှအကောင်းဆုံးကြိုးစားပါတယ်။ ခင်ဗျားအနေနဲ့ အမှားတွေလုပ်နိုင်သလို ဆိုးဝါးတဲ့ပွဲတွေလည်း ရှိနိုင်ပါတယ်။

ဒါပေမယ့် အရေးအကြီးဆုံးအရာက ဆက်လက်ပြီး ကြိုးစားကာ ရှေ့ဆက်သွားနိုင်ဖို့လိုပါတယ်။ သူက အဝတ်လဲခန်းထဲမှာ ဥပမာကောင်းတစ်ခုဖြစ်နေပါတယ်။ ပြီးတော့ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ။ ကျွန်တော်တို့ သူ့ကိုချစ်ခြင်းမေတ္တာတွေပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ပွဲဦးထွက်ရာသီမှာ ဘာပေတစ်ယောက် ပြိုင်ပွဲစုံ ၁၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ အသင်းဖော်တွေက သူ့ကို ဘာပေပီနာဇိုအဖြစ် နာမည်ပြောင်းပေးထားတာဖြစ်ပါတယ်။

ဘာပေရဲ့ပြန်လာနိုင်မှုအပြင် ရီးရဲလ်အသင်းကလည်း အခုအရှိန်ကိုဆက်ထိန်းကာ အမှတ်ပေးဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။
လာမယ့်ဇန်နဝါရီ ၃ ရက်နေ့မှာ ရီးရဲလ်အသင်းဟာ ဗလန်စီယာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments