Tuesday, January 20, 2026
spot_img
spot_img

အသင်းဖော်ကစားသမားတစ်ဦးကို ချီးကျူးလိုက်တဲ့ ဘာစီလိုနာစတား ဂါဗီ

ဘာစီလိုနာကွင်းလယ်လူ ဂါဗီက အသင်းဖော် ယာမဲလ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်နေပြီးဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ မက်ဆီတစ်ယောက် ကစားသမားဘဝနေဝင်ချိန်နီးစပ်လာချိန်မှာ မက်ဆီရဲ့ခြေရာကိုလိုက်နင်းမယ့်သူအဖြစ် ယာမဲလ်ကို သတ်မှတ်ထားကြတာဖြစ်ပါတယ်။

အသက် ၁၇ နှစ်သားဟာ Golden Boy ဆု နဲ့ ကိုပါဆုဖလားတွေကို ရယူထားနိုင်ခဲ့ပါတယ်။ အဆိုပါအနေအထားတွေကြောင့် လာမာစီယာအကယ်ဒမီထွက်အသင်းဖော် ဂါဗီက ယာမဲလ်ကို အခုလိုထောက်ခံခဲ့ပါတယ်။ “ကျွန်တော့်အတွက် သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ မက်ဆီရဲ့နောက်မှာပေါ့။ ယာမဲလ်က အရမ်းကိုအရည်အချင်းရှိပါတယ်။ လက်ရှိမှာ သူကအကောင်းဆုံးကစားသမားပါ။

ဒါပေမယ့် မက်ဆီနဲ့ခိုင်းနှိုင်းဖို့ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ မက်ဆီဆိုတာ တစ်ယောက်တည်းပဲရှိပါတယ်။ သူက ဂန္ထဝင်တစ်ဦးပါ။ ပြီးတော့ ဇာဗီ ၊ အင်နီယေစတာ ၊ ဘက်စ်ကွက်တို့ကလည်း တစ်ယောက်တည်းတွေပါပဲ။ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ်လျှောက်ရပါမယ်”လို့ ဂါဗီက ပြောကြားခဲ့ပါတယ်။ ယာမဲလ်ဟာ မက်ဆီကိုလိုက်မီနိုင်ဖို့ ဝေးကွာနေဆဲဖြစ်ပေမယ့် ဂန္ထဝင်တစ်ဦးဖြစ်နိုင်မယ့်လမ်းကြောင်းကို ဆက်လျှောက်နေတာဖြစ်ပါတယ်။ အခုလိုမျိုး ဆက်လက်စွမ်းဆောင်နိုင်နေသမျှ ယာမဲလ်တစ်ယောက် ဘာစီလိုနာရဲ့ဂန္ထဝင်တွေထဲကတစ်ယောက်ဖြစ်လာဖွယ်ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments