Tuesday, January 20, 2026
spot_img
spot_img

အသင်းနည်းပြ ဆာဟင်၏နေရာတွင် မန်ယူနည်းပြဟောင်း တန်ဟက်ဂ်ဖြင့် အစားထိုးရန် ဒေါ့မွန်အသင်း စီစဉ်

ဒေါ့မွန်အသင်းသည် အသင်းနည်းပြ ဆာဟင်၏နေရာတွင် မန်ယူနည်းပြဟောင်း တန်ဟက်ဂ်နှင့်အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၃၆)နှစ်အရွယ် ဒေါ့မွန်ကွင်းလယ်ကစားသမားဟောင်း ဆာဟင်သည် ပြီးခဲ့သည့်နွေတွင် အသင်းနှင့်လမ်းခွဲခဲ့သည့် အသင်းနည်းပြ တယ်ဇစ်၏ ရာထူးကို ဆက်ဆံခဲ့သူဖြစ်သည်။ သို့သော် ဒေါ့မွန်အသင်းအနေဖြင့် ယခုရာသီတွင် ရုန်းကန်နေရပြီး အသင်းနည်းပြ ဆာဟင်မှာဖိအားများနှင့် ရင်ဆိုင်နေရသည်။

ဒေါ့မွန်အသင်းသည် ဇန်နဝါရီ (၁၇) ရက်က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ဖရန့်ဖတ်ကို (၀-၂)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းရှုံးပွဲမှာ ဒေါ့မွန်အသင်းအတွက် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် (၇) ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပြီး ပွဲစဉ် (၁၈) အပြီးတွင် ရမှတ် (၂၅) မှတ်ဖြင့် အဆင့် (၁၀)နေရာ၌ ရပ်တည်နေသည်။

ထို့ကြောင့် ဆာဟင်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ဒေါ့မွန်နည်းပြရာထူးမှထုတ်ပယ်ခံရတော့မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ Sky Sports ၏ဖော်ပြမှုအရ ဒေါ့မွန်အသင်း တာဝန်ရှိသူများသည် ဇန်နဝါရီ (၂၁) ရက်တွင် ကစားမည့် ဘိုလော့ဂ်နာနှင့် ချန်ပီယံလိဂ်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက ဆာဟင်ကို ရာထူးမှ ထုတ်ပယ်ဖွယ်ရှိနေကြောင်း သိရသည်။

ဒေါ့မွန်အသင်းသည် ဆာဟင် အား ရာထူးမှထုယ်ပယ်ပြီးပါက ၎င်း၏နေရာတွင် မန်ယူနည်းပြဟောင်း တန်ဟက်ဂ်ကို အစားထိုးခန့်အပ်ရန်စီစဉ်နေကြောင်း သိရသည်။ တန်ဟက်ဂ် သည် ၂၀၂၄ နိုဝင်ဘာတွင် မန်ယူနည်းပြရာထူးမှထုတ်ပယ်ခံရပြီးနောက် အ သင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ ဒေါ့မွန်အသင်းသည် တန်ဟက်ဂ်အပြင် စတုဂတ်နည်းပြ ဟိုးနက်စ်ကိုလည်း စောင့်ကြည့်နေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments