Wednesday, January 14, 2026
spot_img
spot_img

အသင်းခေါင်းဆောင်အိုဒီဂတ်ကို ဘာကြောင့်အစောကြီးလူစားလဲလိုက်သလဲဆိုတာ ရှင်းပြလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက မနေ့ည အဲဗာတန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်ကို ဘာကြောင့် အစောကြီးလူစားလဲလိုက်သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

မန်စီးတီးက ရလဒ်တွေဆိုးရွားနေသလို၊ လီဗာပူးကလည်း ဖူလ်ဟမ်နဲ့ပွဲမှာ ခြေချော်ခဲ့ပေမယ့် ဂန်းနားတွေကလည်း အဲဗာတန်ကို အိမ်ကွင်းမှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့ပြီး ရမှတ်ကွာဟမှုကို လျော့ချနိုင်ခြင်းမရှိခဲ့ပါဘူး။
အာဆင်နယ်အသင်းဟာ တစ်ပွဲလုံးလိုလို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးအနည်းငယ်သာ ဖန်တီးနိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

အာတီတာဟာ မိနစ်၆၀ ဝန်းကျင်မှာတင် အိုဒီဂတ်ကို လူငယ်လေး အီသန်ဝါနရီနဲ့ လူစားလဲမှု ပြုလုပ်ခဲ့ပါတယ်။ အလားတူ ဒီကလန်ရိုက်စ်ကိုလည်း ဂျော်ဂျင်ဟိုနဲ့ လူစားလဲခဲ့ပေမယ့် အာဆင်နယ်ရဲ့ကစားပုံက တက်မလာခဲ့ဘဲ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Mikel Arteta has explained why he substituted captain Martin Odegaard early

ပွဲအပြီး အဆိုပါလူစားလဲမှုအကြောင်း မေးမြန်းရာမှာ အာတီတာက “ဒီကလန်ရိုက်စ်က တစ်ခုခုခံစားနေရလို့ ကျွန်တော် လူစားလဲလိုက်တာပါ။ မာတင်ကို လဲလိုက်တာကတော့ နည်းစနစ်ပိုင်းအရပါ။ ကျွန်တော် နားလည်ပါတယ်။ ဝါနရီ ဝင်လာပြီး ဂိုးသွင်းနိုင်ခဲ့ရင် ဒါက ကောင်းမွန်တဲ့ လူစားလဲမှုဖြစ်သွားမှာပါ။ အခုတော့ သူဂိုးမသွင်းနိုင်တော့ အသင်းခေါင်းဆောင်ကို လဲတယ်ဆိုပြီး အပြောခံရတာပေါ့။ ဒါက ဘောလုံးလောကပါပဲ။”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments