မန်ယူအသင်း၏ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်ဖြစ်လာသော်လည်း မိမိ၏ပုံစံအတိုင်းသာ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ပြီး အပြောင်းအလဲရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းအား (၀-၇)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သော်လည်း ခေါင်းဆောင်မပီသသူဟု အပြစ်တင်ခြင်းခံခဲ့ရသည်။
ယင်းအတွက် ဘရူနိုဖာနန်ဒက်စ်က မိမိအနေဖြင့် တစ်ခါတစ်ရံ အမှားအယွင်းရှိနိုင်သော်လည်း အပြောင်းအလဲပြုလုပ်ရန် လိုအပ်သည်ဟု မထင်ကြောင်း၊ လက်ရှိပုံစံအတိုင်းသာ ရှေ့ဆက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။







