Tuesday, January 20, 2026
spot_img
spot_img

အသင်းကြီးများ၏ စိတ်ဝင်စားခြင်းခံနေရသော်လည်း ဘရိုက်တန်မှထွက်ရန် အလျင်မလိုဟု မက်အယ်လစ္စတာ ပြောကြား

ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် ဘရိုက်တန်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာက မိမိအနေဖြင့် အသင်းမှထွက်ခွာရန် အလျင်မလိုကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအသင်းနှင့် ခြေစွမ်းပြခဲ့သည့် မက်အယ်လစ္စတာ(၂၄ နှစ်) အား ခေါ်ယူရန် အာဆင်နယ်၊ ချယ်လ်ဆီးနှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ဘရိုက်တန်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် မက်အယ်လစ္စတာက “သတင်းတွေကို ကျွန်တော် သိပ်မဖတ်ပါဘူး။ ဘရိုက်တန်မှာ ပျော်တယ်လို့ ကျွန်တော် အမြဲပြောပါတယ်။ အသင်းကထွက်ဖို့ ကျွန်တော် အလျင်မလိုပါဘူး” ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments