မိုချန်ဂလာဘတ်အသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား မာနူကိုနေးက အသင်းကြီး တစ်သင်းသင်းထံ ပြောင်းရွှေ့ကစားလိုသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ကိုနေး(၂၁ နှစ်)သည် ပရီးမီးယားလိဂ်မှ ချယ်လ်ဆီးနှင့် နယူးကာဆယ်၊ ပြင်သစ်လိဂ်မှ PSG အသင်းတို့၏ ပစ်မှတ် ကစားသမားဖြစ်ပြီး ၎င်း၏ မိုချန်ဂလာဘတ်နှင့် စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိ်ဖြစ်သည်။

၎င်းက “ကျွန်တော် အသင်းကြီးတစ်သင်းသင်းမှာ ကစားချင်ပါတယ်။ ရာသီကုန်မှာ ဘာတွေဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ”ဟု ပြောကြားခဲ့သည်။






