Monday, February 9, 2026
spot_img
spot_img

အသင်းကစားသမားများမှာ မိမိလိုချင်သည့် ကြံ့ခိုင်မှုမျိုးမရှိသေးကြောင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ဖွင့်ဟ

လီဗာပူးလ်အသင်းသည် ဇူလိုင် ၂၁ ရက်က ဂျာမနီတွင်ကစားခဲ့သည့် ရာသီကြို ခြေစမ်းပွဲတွင် လိုက်ပ်ဇစ်အသင်းကို (၅-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ခဲ့ရသည်။ ယင်းပွဲတွင် လီဗာပူးလ်အတွက် ဆာလာက တစ်ဂိုးနှင့် တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်က လေးဂိုး သွင်းယူပေးခဲ့သည်။ လီဗာပူးလ်အသင်းအ နေဖြင့် လိုက်ပ်ဇစ်အသင်းကို ယင်းကဲ့သို့ ဂိုးပြတ်အနိုင်ရခဲ့သော်လည်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းကစားသမားများမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုပြည့်ဝရန် လိုအပ်နေသေးကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က လိုက်ပ်ဇစ်အသင်းကို (၅-၀) ဂိုး ဖြင့် အနိုင်ရခဲ့သော်လည်း အသင်းကစားသမားများမှာ မိမိလိုချင်သည့် ခန္ဓာကိုယ်ကြ့ံခိုင်မှုမျိုး မရရှိသေးကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ရာသီကြိုခရီးစဉ်အဖြစ် ဇူလိုင် ၂၇ ရက်တွင် သြစတြီးယားနိုင်ငံ၌ ဆာလ်ဇ်ဘာ့ဂ်အသင်းနှင့် ကစားမည် ဖြစ်ပြီး ဇူလိုင် ၃၀ ရက်တွင်မူ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ကလော့ပ်က “ရာသီကြိုပြင်ဆင်မှုတွေရဲ့ အရေးအကြီးဆုံးအပိုင်းတွေက အခုစပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒီအချိန်မှာ ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်ရတော့မှာပါ။ ကျွန်တော်တို့အနေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းမှာ ကျွန်တော်တို့ လိုချင်တဲ့အနေအထားမျိုး မရောက်သေးပါဘူး။ ရာသီဥတုက ဆိုးရွားသလို တခြားအခြေအနေတွေကြောင့် ကစားသမားတွေဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။ သြစတြီးယားမှာတော့ ရာသီဥတုအနည်းငယ် ပိုကောင်းမယ် ထင်ပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ကြံ့ခိုင်မှု ပြည့်ဝအောင် ကြိုးစားရမှာပါ”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယာဂန်ကလော့ပ်သည် လိုက်ပ်ဇစ်အသင်းနှင့်ပွဲတွင် လေးဂိုး သွင်းယူခဲ့သည့် အသင်းတိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ကို ချီးကျူးခဲ့ပြီး လူမှုကွန်ရက်ကို မကြည့်ရန်လည်း တိုက်တွန်းခဲ့သည်။ “ဒါဝင်နူနက်ဇ်အတွက် အချိန်ကောင်းဖြစ်ပြီး ပန်ဒိုရာသေတ္တာ ဖွင့် သွားပါပြီ။ လူတွေက ကစားသမားတွေအကြောင်း ပြောတဲ့အခါ များပြားလှတဲ့ ပြောင်းရွှေ့ကြေးတွေကို ပြောလေ့ရှိသလို ကစားသမားတွေအနေနဲ့ အဲဒီအတွက် ဖိအားတွေ မခံစားရဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဘောလုံးသမားတွေကလည်း သာမန်လူတွေပါပဲ။ ဒီနေ့ခေတ် မျိုးဆက်တွေက လူမှုကွန်ရက်ကို အသုံးပြုလေ့ရှိကြပြီး ဒါက ကောင်းတဲ့အရာလို့ ကျွန်တော် မထင်ပါဘူး။ ဒါဝင်နူနက်ဇ်က ကျွန်တော်တို့မှာရှိတဲ့ တိုက်စစ်ကစားသမားတွေနဲ့ ကွဲပြားသူဖြစ်ပြီး တကယ်ကောင်းတဲ့ ကစားသမားပါ” ဟုကလော့ပ်က ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments