Thursday, January 22, 2026
spot_img
spot_img

အဝေးကွင်းဂိုပြတ်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်နေဆဲ လီဗာပူး

အခုပွဲစဉ်တလျှောက်လုံး အဝေးကွင်းမှာလာရောက်ကစားတဲ့ လီဗာပူးအသင်းကသာ ပြိုင်ဘက်ကို လွှမ်းမိုးထားခဲ့ပြီး Clean Sheet ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်သွားခဲ့ပါတယ်။ လီဗာပူးအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း ဒီယက်ဇ်၊ ဂတ်ပို၊ မိုဆာလက်တို့က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းပွဲချိန်တွေမှာလည်း အာနိုးလ်နဲ့ ဂျိုတာတို့က ဆက်လက်သွင်းယူပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့တွေ့ဆုံချိန်တိုင်း ခြေစွမ်းပြသနိုင်လေ့ရှိတဲ့ မိုဆာလက်က အခုပွဲစဉ်မှာလည်း ထုံးစံအတိုင်း တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် အန်းစလော့ရဲ့အသင်းက အနီးဆုံးပြိုင်ဘက်နော်တင်ဟမ်ဖောရက်စ်ကို တစ်ပွဲလျော့၊ ရှစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ပြတ်ပြတ်သားသားရပ်တည်နေခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments