Wednesday, January 14, 2026
spot_img
spot_img

အလွန်ဆိုအနေဖြင့် လေဗာကူဆင်အသင်း၌သာ ဆက်ရှိနေလိုသဖြင့် ၎င်းအားခေါ်ယူရန် အလွန်ခက်ခဲမည်ဟု ဘိုင်ယန်မြူးနစ်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အူလီဟိုးနက်စ် ဝန်ခံ

ဘိုင်ယန်မြူးနစ်အသင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အူလီဟိုးနက်စ်က အလွန်ဆိုအနေဖြင့် လေဗာကူဆင်အသင်း၌သာ ဆက်ရှိနေလိုသဖြင့် ၎င်းအားခေါ်ယူရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

လူငယ်နည်းပြ ဇာဘီအလွန်ဆို (၄၂ နှစ်) မှာ လာမည့်နွေရာသီတွင် ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်စသည့် ထိပ်တန်း ကလပ်များ၏ ပစ်မှတ်ထားခြင်းခံနေရသည်။ ၎င်း၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေပြီး စာချုပ်လျော်ကြေး ပေါင် ၁၂ ဒသမ ၈ သန်းဖြင့် ခေါ်ယူနိုင်မည့်အချက်မှာလည်း ၂၀၂၅ ခုနှစ် နွေရာသီမှသာ စတင်အသက်ဝင်မည်ဖြစ်သည်။

၎င်းအား ခေါ်ယူနိုင်မည့်အခြေအနေနှင့်ပတ်သက်၍ ဘိုင်ယန်မြူးနစ်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အူလီဟိုးနက်စ်က “ဒီနှစ်မှာ ကျွန်တော်တို့လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပေါ့။ အဲဒါက ခက်ခဲမှာပါ။ ဇာဘီအလွန်ဆိုကိုခေါ်ယူဖို့ အရမ်းခက်မယ်လို့ ကျွန်တော်ထင်တယ်။ မဖြစ်နိုင်ဘူးလို့ပြောတာ မဟုတ်ပါဘူး။ သူက သူ့အလုပ်ကိုဆက်လုပ်ဖို့  လေဗာကူဆင်အသင်းမှာပဲ ရှိနေမယ်လို့ ကျွန် တော်ထင်တယ်။ သူ့အနေနဲ့ သူတို့ရဲ့ လက်ရှိအောင်မြင်မှုတွေကြောင့် ဆက်နေဖို့ ပိုပြီးလိုလားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အလွန်ဆိုအနေနဲ့ သူတို့ကိုထားခဲ့ချင်မှာ မဟုတ်ပါဘူး။ သူသာ နှစ်နှစ်၊ သုံးနှစ်လောက် ထပ်ပြီးအောင်မြင်မှုရထားမယ်ဆိုရင် သူ့ကို အဲဒီကနေခေါ်ထုတ်ရတာ ပိုပြီးလွယ်ကူမှာပါ” ဟု ဂျာမနီရုပ်သံ ARD သို့ ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မက်စ်အီဘာလ်ကလည်း နည်းပြသစ် ရှာဖွေနေသည့်အခြေအနေနှင့်ပတ်သက်၍ “နည်းပြတစ်ဦးရှာဖွေဖို့ လုပ်နေဆဲပါပဲ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တစ်ဦးချင်းစီရဲ့ နာမည်တွေ ထုတ်မပြောချင်ပါဘူး။ ဒီလိုကိစ္စ တွေကို လူသိရှင်ကြားဆွေးနွေးတာက ကျွန်တော့်ပုံစံ မဟုတ်ပါဘူး။ နွေရာသီကစပြီး နည်းပြတစ်ဦးလိုအပ်နေတယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ အရမ်းကိုပြင်းထန်တဲ့ ဆွေးနွေးမှုတွေလုပ်နေပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လူတွေများစွာကို သိလာရတာလည်း သေချာပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘိုင်ယန်အတွက် အကောင်းဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုမှ ဧပြီကိုစတင်ဖို့ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့မှာ အချိန်နည်းနည်းကျန်ပါသေးတယ်” ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမနီ နိုင်ငံသားနည်းပြ တူဟယ်လ် (၅၀ နှစ်) ကို ၂၀၂၃ ခုနှစ် မတ်လတွင် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သော်လည်း ရလဒ်ဆိုးများကြောင့် ယခုရာသီကုန်မှာပင် နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်ထားသည်။ ၎င်းနေရာတွင် အစားထိုးရန် ကစားသမားဟောင်းဖြစ်သူ အလွန်ဆို ကို လီဗာပူးလ်အသင်းနှင့်အပြိုင် ကြိုးပမ်းနေခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments