Thursday, January 22, 2026
spot_img
spot_img

အလွန်ဆိုနှင့် ယာဂန်ကလော့ပ်ကို စောင့်ရန်အတွက် ယာယီနည်းပြကိုသာ ဘိုင်ယန်မြူးနစ်အသင်း ခန့်အပ်ဖွယ်ရှိ

ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းနည်းပြသစ်အဖြစ် ရှာဘီအလွန်ဆို၊ ယာဂန်ကလော့ပ်စသူတို့ကို ခန့်အပ်နိုင်ရန်အတွက် လာမည့်ရာသီတွင် ယာယီနည်းပြနှင့်သာ ခရီးဆက်ရန် စဉ်းစားလျက်ရှိကြောင်းသိရသည်။

ယခုရာသီတွင် လေဗာကူဆင်အသင်းနှင့်အတူ အံ့အားသင့်ဖွယ်ရာများ လုပ်ပြထားသည့် ဘိုင်ယန်ကစားသမားဟောင်း အလွန်ဆို၏စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။ 

ထို့ပြင် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း အတိအလင်းကြေညာထားခဲ့သည့် ယာဂန်ကလော့ပ်မှာလည်း ဘောလုံးလောကသို့ ချက်ချင်းပြန်လည်ဝင်ရောက်ဦးမည်မဟုတ်ဘဲ တစ်နှစ်ခန့် အနားယူဖွယ်ရှိနေသည်။ 

ထို့ကြောင့် ဘိုင်ယန်အသင်းအနေဖြင့် ယာယီနည်းပြကိုသာ ရှာဖွေဖွယ်ရှိနေပြီး အသင်းနည်းပြဟောင်း ဟန်ဆီဖလစ်ခ်နှင့် ဒေါ့မွန်နည်းပြဟောင်း လူစီယန်ဖာတို့ နည်းပြသစ်ဖြစ်လာရန် ရေပန်းစားလျက်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments