Thursday, January 15, 2026
spot_img
spot_img

အယ်လ်နာဆာအသင်းသို့ပြောင်းရွှေ့မည့် မာနေ တစ်နှစ်လစာ ပေါင် ၃၄ သန်းကျော် ရရှိမည်

စီရော်နယ်လ်ဒို ကစားနေသည့် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားသည့် ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား မာနေသည် အခွန်ပေးဆောင်ရန်မလိုဘဲ တစ်နှစ်လစာ ပေါင် ၃၄ သန်းကျော်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီရှိ Sky သတင်းဌာန၏ ဖော်ပြမှုအရ အသက် ၃၁ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်တောင်ပံကစားသမားအနေဖြင့် အယ်လ်နာဆာအသင်းသို့ ပေါင် ၂၄ သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားပြီး တနင်္လာနေ့တွင် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ ဆေးစစ်မှုပြုလုပ်ဖွယ်ရှိနေသည်။

အဆိုပါသတင်းတွင် ဖော်ပြမှုအရ မာနေသည် အယ်လ်နာဆာအသင်း၌ တစ်ပတ်လစာ ပေါင် ၆၅၀၀၀၀ ဖြင့် တစ်နှစ်လစာ ပေါင် ၃၄ သန်း ကျော်ရရှိမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ လေးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သောကြောင့် စာချုပ်တန်ဖိုးမှာ ပေါင် ၁၃၆ သန်းအထိ ရှိနိုင်ကြောင်း သိရသည်။

မာနေသည် ပြီးခဲ့သည့်နှစ်နွေရာသီတွင် လီဗာပူးလ်အသင်းမှ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းဖော် ဆာနေးနှင့် အချင်းများစဉ် လက်သီးဖြင့်ထိုးခဲ့သောကြောင့် တစ်ရာသီအကြာမှာပင် လမ်းခွဲရခြင်းဖြစ်ဖွယ်ရှိသည်။

ပြီးခဲ့သည့်ရာသီက ဒုတိယရရှိခဲ့သည့် အယ်လ်နာဆာအသင်းအနေဖြင့် ယခုနွေရာသီတွင် ဘရိုဇိုဗစ်၊ ဖိုဖာနာနှင့် တဲလက်စ်တို့ကိုလည်း ခေါ်ယူအားဖြည့်ထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments