Paris Saint-Germain ကြယ်ပွင့်ကစားသမား ကိုင်လီယန် အမ်ဘာပေ ကို ယခုနွေရာသီတွင် မည်သည့်စျေးနှုန်းဖြင့်မျှ ရောင်းချမည်မဟုတ်ကြောင်း သိရသည်။
၂၀၂၂/၂၃ ရာသီအစတွင် ရီးယဲလ်မက်ဒရစ်သို ပြောင်းရွှေ့ရန် ငြင်းပယ်ခဲ့သော်လည်း ရီးယဲလ်သည် ပြင်သစ်လက်ရွေးစင်ကစားသမား အမ်ဘာပေ ကို ခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေဆဲဖြစ်သည်။

PSG ၌ အမ်ဘာပေ ၏ စာချုပ်တွင် ၂၀၂၄ မှ ၂၀၂၅ အထိ စာချုပ်သက်တမ်းတိုးရန် အပိုဒ်များပါဝင်သော်လည်း ဇွန်လကုန်နောက်ဆုံးထား၍ အသက်ဝင်လာစေရန် လိုအပ်သည်။
အမ်ဘာပေ သည် PSG တွင် ၎င်း၏သက်တမ်းတိုးရွေးချယ်ခွင့်ကို မရွေးချယ်ပါက ရီးယဲလ်မက်ဒရစ်သည် ၂၀၂၄ ခုနှစ်အစတွင် သူနှင့်ကြိုတင်စာချုပ်ချုပ်ဆိုရန် အခွင့်အရေးနှင့်အတူ ၎င်းတို၏ ကာလရှည်နေပြီဖြစ်သော အပြောင်းအရွှေ့စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းမည်ဖြစ်သည်။

PSG က အမ်ဘာပေကို ရောင်းထုတ်နိုင်သည်ဟု ထင်ကြေးတွေရှိနေခဲ့ပေမဲ့ အကယ်၍ သူက ငြင်းဆိုခဲ့မယ်ဆိုရင် PSG အသင်းက အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို ရောင်းချမှာမဟုတ်ကြောင်း မီဒီယာအချိုက ဖော်ပြခဲ့ပါတယ်။
အမ်ဘာပေသည် ၂၀၂၄ ခုနှစ်တွင် PSG နှင့် ချန်ပီယံလိဂ်ဖလားရယူရန် ရည်မှန်းထားသောကြောင့် ထွက်ခွါရန် တွန်းအားပေးမည်မဟုတ်ကြောင်းနှင့် မိုနာကိုတိုက်စစ်မှူးဟောင်းသည် ၎င်း၏အနာဂတ်အတွက် လာမည့်နွေရာသီတွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်းလည်း သိရသည်။







