Tuesday, January 20, 2026
spot_img
spot_img

အမ်ဘာပေ၏အပြောင်းအရွှေ့အကြောင်း မေးမြန်းမှုကို ဖြေကြားရန် ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီ ငြင်းဆန်ခဲ့ပြီး လက်ရှိလူစာရင်းမှာ ပြည့်စုံနေပြီဖြစ်ကြောင်း တုံ့ပြန်

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီသည် PSG အသင်းတိုက်စစ် မှူး အမ်ဘာပေ၏ အပြောင်းအရွှေ့အကြောင်း မေးမြန်းမှုကိုဖြေကြားရန် ငြင်းဆန်ခဲ့ပြီး လက်ရှိလူစာရင်းမှာ ပြည့်စုံနေပြီဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

PSG အသင်းနှင့် ဆက်ဆံရေးတင်းမာ နေသည့် ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး အမ် ဘာပေသည် လာမည့်နှစ် နွေရာသီတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသည်။ 

PSG အသင်းကမူ အမ်ဘာပေအား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုရန် ဆန္ဒမရှိဘဲ ယခုနွေရာသီမှာပင် ရောင်းချရန် စီစဉ်လျက်ရှိသလို အာရှခြေစမ်းခရီးစဉ်ကိုလည်း ခေါ်ဆောင်ခြင်းမပြုဘဲ ချန်လှပ်ထားခဲ့သည်။ ကြာသပတေးနေ့ နံနက်ပိုင်းက မန်ယူအသင်း နှင့် ယှဉ်ပြိုင်ကစားသည့် Soccer Champions Tour ရာသီကြိုပွဲစဉ်အပြီးတွင် အမ်ဘာပေ၏ အပြောင်းအရွှေ့အကြောင်း မေးမြန်းရာ အန်ဆယ်လော့တီက ယခုလို တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နောက်ထပ်မေးခွန်းကို သွားလိုက်ပါ။ ဒီလူစာရင်းက အဆင်ပြေပါတယ်။ လူစာရင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ ပြဿနာမရှိပါဘူး။ အရည်အသွေးမပြည့်မီတဲ့ လူစာရင်းမှသာ ပြဿနာဆိုတာ ရှိတာပါ။ ဒီလူစာရင်းက ထိပ်တန်းအဆင့်ပါပဲ။ အဲဒါက ပြီးပြည့်စုံပါတယ်” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ယခုနွေရာသီတွင် အဓိကတိုက်စစ်မှူး ဘန်ဇီမာနှင့် တောင်ပံကစားသမား ဘန်ဇီမာတို့ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုခဲ့သလို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် တောင်ပံကစားသမား ဟာဇက်ကိုလည်း စာချုပ်ဖျက်သိမ်း၍ ထွက်ခွာခွင့်ပြုထားသည်။ 

ရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် ဒေါ့မွန်အသင်း၏ အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ပေါင် ၈၈ ဒသမ ၅ သန်း၊ တူရကီမက်ဆီဟု ရည်ညွှန်းခံနေရသည့် ဖီနာဘာချီအသင်း လူငယ်ကစားသမား အာဒါတူလာ (၁၈ နှစ်)ကို ပေါင် ၁၇ သန်း၊ အကယ်ဒမီကစားသမားဟောင်းဖြစ်သည့် ဗယ်လက်ကာနိုအသင်း နောက်ခံလူ ဖရန်ဂါစီယာကို ပေါင် ၄ ဒသမ ၃ သန်း၊ အက်စ်ပန်ညိုအသင်း ၀ါရင့်တိုက်စစ်မှူး ဟိုဆေးလူကို အငှားဖြင့် ခေါ်ယူထားသလို အေစီမီလန်အသင်းနှင့် အငှားစာချုပ်ပြည့်သွားသည့် တောင်ပံကစားသမား ဘရာဟင်ဒီယက်ဇ်ကိုလည်း ပြန်လည်ခေါ်ယူထားသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments