Friday, January 16, 2026
spot_img
spot_img

အမ်‌ဘာပေရဲ့လာလီဂါပွဲဦးထွက်မှာ သရေကျခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ လာလီဂါအဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ဟာ အသစ်ခေါ်ယူထားတဲ့ ပြင်သစ်စူပါစတားတိုက်စစ်မှူး ကီလီယန်အမ်ဘာပေကို ပွဲထုတ်ပြီး ချန်ပီယံဂုဏ်ပုဒ်ကို ဆက်လက်ကာကွယ်ဖို့ ပထမဆုံးခြေလှမ်းကိုစတင်ခဲ့ပေမယ့် နိုင်ပွဲမရရှိခဲ့ဘဲ သရေရလဒ်သာ ရရှိခဲ့ပါတယ်။ 

အမ်ဘာပေအပြင် ဂျူဘယ်လင်ဟမ်နဲ့ ဗင်နီစီးယက်စ်တို့လို ကြယ်စင်စုကစားသမားတွေနဲ့ ပွဲကိုစတင်ယှဉ်ပြိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပွဲအစ ၁၃ မိနစ်မှာ ရိုဒရီဂိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၃ မိနစ်မှာ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် အနိုင် ၃ မှတ်နဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။ 

ပွဲစတာနဲ့ ရီးရဲလ်မက်ဒရစ်က ကစားပုံကောင်းကောင်းနဲ့ ထိန်းချုပ်နိုင်ခဲ့ပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့သလို မာယော့ကာကလည်း တန်ပြန်တိုက်စစ်မှတစ်ဆင့် အခွင့်အရေးတွေ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက မာယော့ကာပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားခြင်းကို ခံခဲ့ရဖူးတဲ့ ဗင်နီးစီးယက်စ်ဟာ ယခုပွဲစဉ်မှာလည်း ဘောလုံးထိချက်တိုင်း ပြိုင်ဘက်ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ 

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ မာယော့ကာက ချေပဂိုးအတွက် ပြန်လည်တိုက်စစ်ဆင်ကစားပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်လက်စွမ်းပြနေတာကြောင် ပထမပိုင်းအတွင်း ချေပဂိုးမရခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ အပိုင်အခွင့်အရေး ၃-၄ လုံးလောက်ကို ကာကွယ်ထားနိုင်တဲ့ ကော်တွိုက်စ်အနေနဲ့ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပြီး ၅၃ မိနစ်မှာ မာယော့ကာတိုက်စစ်မှူး မူရီကွီက သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဗင်နီးစီးယက်စ်နဲ့ အမ်ဘာပေတို့က ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရသလို မာယော့ကာရဲ့နောက်တန်းကလည်း အတော်လေးကျစ်လစ်ခဲ့တာကြောင့် နောက်ထပ်သွင်းဂိုးတွေထပ်မံမြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ ပွဲပြီးကာနီးအချန်ပိုမှာတော့ နောက်ခံလူ မန်ဒီ ကစားပုံကြမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ဟာ ကစားသမား ၁၀ ယောက်တည်းနဲ့ပွဲကို အဆုံးသတ်ခဲ့ရပါတယ်။ 

ဒါကြောင့် ယမန်နေ့က ကွင်းလယ်ပိုင်းအဓိကကစားသမားတွေမပါဝင်ဘဲ  လူငယ်ကြယ်ပွင့်တွေနဲ့အတူ ဗလန်စီယာကို အဝေးကွင်းမှာ ၂-၁ နဲ့အနိုင်ယူခဲ့တဲ့ ဘာစီလိုနာရဲ့ စွမ်းဆောင်ရည်က အမ်ဘာပေလိုတိုက်စစ်မှူးမျိုးကိုအသုံးပြုပြီး မာယော့ကာကို သရေသာကစားနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ထက် အခြေအနေပိုကောင်းနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments