Thursday, January 22, 2026
spot_img
spot_img

အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် ဂါနာချိုကို ဇန်နဝါရီလအတွင်း ရောင်းချနိုင်ကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ် ဝန်ခံ

မန်ယူအသင်းနည်းပြ အာမိုရင်မ် က အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် တောင်ပံကစားသမား ဂါနာချိုကို ဇန်နဝါရီကာလအတွင်း ရောင်းချနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဂါနာချို (၂၀ နှစ်) ကို နာပိုလီနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေပြီး မန်ယူအသင်းမှာလည်း ဘဏ္ဍာရေးစည်းမျဉ်း (PSR) နှင့် ကိုက်ညီမှုရှိစေရန်အတွက် စီနီယာကစားသမားတစ်ဦးကို ရောင်းချနိုင်ပါက အထောက်အကူဖြစ်ဖွယ်ရှိနေသည်။

သို့ဖြစ်ရာ ရိန်းဂျားစ်အသင်းနှင့် ယူရိုပါလိဂ်ပွဲမှာ ဂါနာချိုအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ကစားရသည့် နောက်ဆုံးပွဲဖြစ်နိုင်သလားဟု မေးမြန်းမှုအပေါ် အာမိုရင်မ် က ယင်းကဲ့သို့ တုံ့ပြန်ဖြေကြားခြင်းဖြစ်သည်။

“ဘာဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့မှာရှိတဲ့ ကစားသမားတွေနဲ့ အသင်းကိုပဲ အာရုံစိုက်ထားကြတာပေါ့။ အပြောင်းအရွှေ့ကာလမပိတ်မချင်း ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ပွဲတွေအပေါ်ပဲ အာရုံစိုက်ထားပါတယ်။ သူက ဒီမှာရှိနေပြီး မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက်ပါ။ ဒီနေ့ပွဲမှာ သူက ကျွန်တော်တို့အတွက် တကယ်အရေးပါပြီး နောက်နေ့တွေမှာ ဘာတွေဖြစ်မလဲစောင့်ကြည့်ကြတာပေါ့” ဟု အာမိုရင်မ် က ဆိုသည်။

ဂါနာချိုသည် မန်ယူအသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး စီနီယာအသင်းအတွက် ၁၁၉ ပွဲကစား၊ ၂၃ ဂိုးသွင်းယူပေးထားသလို ၎င်း၏စာချုပ်မှာ ၂၀၂၈ ခုနှစ် ဇွန်လအထိ ကျန်ရှိနေသေးသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments