Wednesday, February 11, 2026
spot_img
spot_img

အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အရိပ်အမြွတ် ပြောလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ လာမယ့် နွေမှာ ကစားသမားတွေ ခေါ်ယူပြီး အင်အား ဖြည့်တင်းသွားဖို့ ရှိနေကြောင်း အရိပ်အမြွတ် ပြောကြားသွားခဲ့သလို အဓိက နေရာတွေကို ပိုမိုတောင့်တင်းစေလိုကြောင်းပါ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး တစ်ဦး လိုအပ်နေခဲ့ပြီး ဒီနေရာအတွက် ဟယ်ရီကိန်း နဲ့ အိုဆင််ဟမ်း တို့ကို ပစ်မှတ်ထားနေခဲ့သလို ကွင်းလယ် နေရာအတွက်် ဖရန်ကီ ဒီဂျောင် နဲ့ ဂျုဒ် ဘယ်လင်ဂမ် တို့ကို ခေါ်ယူလိုချင်နေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ ညာခံစစ် အတွက်် လေဗာကူဆင် အသင်းမှ ဂျီရီမီး ဖရင်ပေါင် နဲ့ ပြောဆိို ဆွေးနွေးနေပြီလို့ သတင်းထွက် နေခဲ့သလို ဗဟို ခံစစ်မှူးနဲ့ ဂိုးသမား နေရာကိုပါ အင်အား ဖြည့်တင်းလိုနေတယ်လို့ သတင်းထွက်နေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ အဆိုပါ ကစားသမားတွေကို ခေါ််ယူရေးမှာ ကုန်ကျစရိတ် များပြားဖို့ ရှိနေတာကြောင့် ယူနိုက်တက်် တို့ဟာ လက်ရှိ အသင်းမှာ မက်ဂွားယား ၊ အဲရစ် ဘိုင်လီ ၊ အဲလက်စ် တဲလက်စ် ၊ အန်သိုနီ မာရှယ် ၊ ဘရန်ဒန် ဝီလီယံ နဲ့ တွမ်ဇီဘီ တို့ကို ရောင်းချဖို့ ရှိနေပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ဟာ အီလန်ဂါ ၊ ပယ်လီစထရီ တိို့ကို အငှားချသွားဖို့ ရှိနေသလို ဖီးလ် ဂျုံးစ် နဲ့လည်း လမ််းခွဲသွားဖို့ ရှိနေပါတယ် ။ အခုတော့ အဲရစ် တန်ဟတ် က အသင်းကို အင်အား ဖြည့်တင်းဖို့ လိုအပ်ကြောင့် ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ အသင်းနဲ့ အခြားသော နေရာတွေကို အင််အား ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ ထင်မိပါတယ် ။ ပြီးတော့ အသင်းကို ပိုပြီး တောင့်တင်းအောင်လည်း လုပ်ဖို့ လိုသေးတာပေါ့ဗျာ ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ အဲ့တာတွေ အကြောင်း တွေးမနေပါဘူး ”

” အခုချိန်မှာ ကျွန်တော်တို့ ခမ်းနားတဲ့ ဘောလုံး ရာသီကို ဆက်လက် ဖြတ်သန်းဖို့ ၊ progress တွေ ထပ်လုပ်ဖို့ ၊ ပိုမို တိုးတက်အောင် လုပ်ဖို့ ကြိုးစားနေကြပါတယ် ။ အသင်းကတော့ လက်ရှိ အချိန်မှာ အဲ့တာတွေကို ကောင်းကောင်း လုပ်ဆောင်နေနိုင်ခဲ့ပါတယ် ”

” ဒီအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရတာကို ပျော်ရွှင်ခံံစားနေကြပါတယ်။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ ၊ ခမ်းနားတဲ့ အသင်းနဲ့ ခမ်းနားတဲ့နှစ်ကို ပိုင်ဆိုင်နေခဲ့ရပါတယ် ။ ဒါပေမဲ့ အောင်မြင်မှုအတွက် ရှေ့ဆက်ရပါဦးမယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments