Monday, February 9, 2026
spot_img
spot_img

အန်နရီကေးအား နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းကို ဇွန်(၂၈)တွင် PSG ပြုလုပ်ဖွယ်ရှိ

PSG အသင်းသည် လူးဝစ်အန်နရီကေးအား နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းကို ဇွန်(၂၈)ရက် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။

PSG အသင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် ပိုချက်တီနိုနှင့် လမ်းခွဲပြီးနောက် ပြင်သစ်နည်းပြ ဂယ်လ်ချီကို (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သည်။

သို့ သော် အဓိကရည်မှန်းချက်ဖြစ်သော ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရှုံးထွက်(၁၆)သင်းအဆင့်မှပင် ထွက်ခွာခဲ့ရသောကြောင့် PSG အသင်းက နည်းပြအပြောင်းအလဲထပ်လုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

မီဒီယာအချို့က PSG အသင်းသည် ဂယ်လ်ချီကို ဇွန်လဆန်းပိုင်းကတည်းက ရာထူးမှ ထုတ်ပယ်ထားပြီးဖြစ်သည်ဟု ဖော်ပြခဲ့သော်လည်း တရားဝင်ထုတ်ပယ်ရခြင်းမရှိသေးဘဲ ဇွန် (၂၈)မှသာ အတည်ပြုဖွယ်ရှိပြီး လျော်ကြေးယူရို(၆)သန်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် ဂယ်လ်ချီနေရာတွင် အစားထိုးရန် နည်းပြသစ်ကို ရာသီကုန်ချိန်ကတည်းက ရှာဖွေနေခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်နည်းပြဟောင်း ဇီဒန်း၊ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်း၊ စပါးနည်းပြဟောင်း ကွန်တီ၊ အာဆင်နယ်နည်းပြ အာတီတာတို့ ပါဝင်ကြောင်းလည်း သတင်းထွက်ခဲ့သည်။

နာဂယ်စ်မန်းမှာ PSG အသင်း၏နည်းပြသစ်ဖြစ်လာတော့မည်ဟုပင် သတင်းထွက်ခဲ့သော်လည်း နောက်ဆုံးညှိနှိုင်းဆွေးနွေးမှု၌ အဆင်မပြေသည့်အတွက် အန်နရီကေးက အခွင့်အရေးရလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာနှင့် စပိန်နည်းပြဟောင်း အန်နရီကေး(၅၃)နှစ်သည် PSG အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်လစာ ယူရို(၈)သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments