မန်ယူကွင်းလယ်လူဟောင်း စထရာချန်က အသင်းတောင်ပံကစားသမား အန်တိုနီသည် သူ့ကိုယ်သူ စီရော်နယ်လ်ဒိုဟု တွေးထင်နေပုံရကြောင်းနှင့် ၎င်းအနေဖြင့် စီရော်နယ်လ်ဒို၏ခြေဖျားကိုပင် မမီကြောင်း ပြင်းထန်စွာဝေဖန်ခဲ့သည်။
အန်တိုနီ(၂၃ နှစ်)သည် ပြီးခဲ့သည့်နွေကမှ အေဂျက်စ်မှ မန်ယူသို့ ပေါင် (၈၅) သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။
သို့သော် ၎င်းသည် ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

စထရာချန်က ”အန်တိုနီက သူ့ကိုယ်သူ စီရော်နယ်လ်ဒိုလို့ ထင်နေပုံပါပဲ။ ဒါပေမဲ့ သူဟာ စီရော်နယ်လ်ဒိုကို ဘယ်အပိုင်းမှာမှ မမီပါဘူး။ အန်တိုနီက ဘောလုံးကိုင်လွန်းပြီး သူ့ကစားဟန်က အသင်းအတွက် အကျိုးမပြုပါဘူး”ဟု ပြောကြားခဲ့သည်။







