Tuesday, October 28, 2025
spot_img
spot_img

အန်ဇိုဖာနန်ဒက်ဇ်အား စာချုပ်လျော်ကြေးပေးကာ ခေါ်ယူရန် ချယ်လ်ဆီးအသင်း ပြင်ဆင်

ချယ်လ်ဆီးအသင်းသည် ဘင်ဖီကာအသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်အား စာချုပ်လျော်ကြေး ပေါင် (၁၀၅) သန်းပေးချေကာ ခေါ်ယူရန် ပြင်ဆင်နေကြောင်း Evening Standard သတင်းစာက ဖော်ပြခဲ့သည်။

အသက် (၂၁) နှစ်အရွယ်ရှိ အန်ဇိုဖာနန်ဒက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံ အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သည်။

ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြ နိုင်ခြင်းကြောင့် အန်ဇိုဖာနန်ဒက်ဇ်မှာ ဥရောပထိပ်သီးကလပ်များဖြစ်သည့် လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်ယူ၊ အက်သလက်တီကိုအသင်းတို့၏ စိတ်ဝင်စားခြင်းကို ခံနေရသည်။

Evening Standard သတင်းစာ၏ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် အန်ဇိုဖာနန်ဒက်ဇ်အား စာချုပ်လျော်ကြေးဖြစ်သည့် ပေါင် (၁၀၅) သန်းကို ပေးချေကာ ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်များသည် အသင်း၏ကွင်းလယ်တွင် ကွန်တေ (၃၁ နှစ်)၊ ဂျော်ဂျင်ဟို (၃၁ နှစ်)တို့၏ နေရာများကို လူငယ်ကစားသမားများဖြင့် အစားထိုးရန် အလိုရှိနေကြောင်း သိရသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြပြီးနောက် ထိပ်တန်းကလပ်တစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments